တရုတ် ဝယ်လက်ကြောင့် ကြိမ်သီး ဈေးကောင်း

0
705

တရုတ်ဝယ်လက်ကြောင့် ယခု လအတွင်း မြိတ်ဒေသထွက် ကြိမ်သီး များ ဈေးကောင်းရလာကြောင်း ကြိမ်သီး အဝယ်ဒိုင်တချို့ထံမှ သိရသည်။
ယခင်က ဈေးကွက်မရှိသည့် ယင်းကြိမ်သီးများကို ပြီးခဲ့သည့် မေလမှစပြီး တရုတ်နိုင်ငံမှ စတင် ဝယ်ယူလာပြီး မြိတ်ခရိုင်ဒေသ အသီးသီးရှိ အဝယ်တော်များမှ တဆင့် စတင်ဝယ်ယူကြသည်ဟု သိရ သည်။

အစပိုင်းတွင် တစ်ပိဿာ ကျပ် ၄၀၀၀ မှ ကျပ် ၅၀၀၀ ပေါက်ဈေး ရှိပြီး လက်ရှိတွင် ကြိမ်သီး (ဒေသ အခေါ် ကုလားကြိမ်သီး) များကို အလုံးအကြီးအသေး သောင်းပြောင်း တစ်ပိဿာ ကျပ် ၇၀၀၀ မှ ၈၀၀၀အထိ ပေါက်ဈေး ရှိနေကြောင်း မြိတ် ကမ်းနားလမ်းရှိ အဝယ်ဒိုင် တချို့ထံမှ သိရသည်။
” အရင်က အဲဒီအသီးကို ကလေး တွေ ဆော့တာပါ၊အခုမှ တရုတ် ဝယ်လက်ကြောင့် ဈေးကောင်း ရလာတာ” ဟု နောက်လယ် ရပ်ကွက်အမှတ်(၁) ဆိပ်ခံတံတားရှိ ကြိမ်သီး ဝယ်ရောင်းသူ ဦးရွှေမြင့်က ရှင်းပြသည်။kyain-thee
လက်ရှိတွင် ကြိမ်သီးများကို ကွမ်းသီးခြောက်ဒိုင်များနှင့် သီးခြား အဝယ်ဒိုင်များမှ ဝယ်ယူလျက်ရှိ ကြောင်း နောက်လယ်ရပ်ကွက်၊ နောက်လယ်(၂) လမ်း အဝယ်ဒိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။
ယင်းကြိမ်သီးများကို မည်သည့် နေရာတွင် အသုံးပြုသည်ကို မသိရ သေးသော်လည်း အဝယ်ဒိုင်တ ချို့ကမူ တရုတ်တိုင်းရင်းဆေး ဖော် စပ်ခြင်းနှင့် ပရိဘောဂနှင့် ဖန်စီ ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြု ခြင်းဖြစ်နိုင်သည်ဟု ထင်ကြေးပေး သည်။
ယင်း အသီးအစေ့များသည် တောနယ်များတွင် အလေ့ကျ ပေါက် သည့် နွယ်ပင်တစ်မျိုးမှ သီးသည့် အသီးဖြစ်ပြီး ဖန်ခါးသည့် အရသာ ရှိကာ ပရိဘောဂလုပ်ငန်းများ တွင် သုံးသည့် ကြိမ်ပင်မဟုတ်ဟု သိရ သည်။