ကော့သောင်း – ရနောင်း ချစ်ကြည်ရေး ဈေးပွဲတော် ညတိုင်းနီးပါး ပြဿ နာတက်

0
543

မြန်မာ – ထိုင်း နယ်စပ် ကော့သောင်းမြို့တွင် ကျင်းပသည့် ကော့သောင်း – ရနောင်း ချစ်ကြည်ရေး ဈေးပွဲတော်တွင် ညတိုင်းနီးပါး ပြဿနာတက်ခဲ့ကြောင်း ယင်းဈေးပွဲတော် တွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချသူများ နှင့် ဒေသခံများထံမှ သိရသည်။

ထိုင်းနိုင်ငံမှ ဒေသထွက် ကုန်များ ကို ရောင်းချသည့် ယင်းဈေး ပွဲတော်ကို ကော့သောင်းကုန်သည် ကြီးများအသင်းမှ ဦးဆောင်ကာ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၃ ရက်အထိ ၅ ည ကျင်းပ ရာ ၄ ည ပြဿနာ များနှင့် ကြုံခဲ့သည်။

ပထမည ဈေးပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် နှစ်နိုင်ငံ အစိုးရ ဌာနဆိုင်ရာများ၊ ကုန်သည်များနှင့် ဧည့်သည်များ ခန့်မှန်း ၄၀ ဦးခန့် အုပ်စု လိုက် ဓာတ်ပုံရိုက်ရန် စတိတ်စင်ပေါ် အတက်တွင် စင်းကျိုးကျခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဟု ဖွင့်ပွဲ တက်ရောက်သူများ ထံမှ သိရ သည်။
ဒုတိယညတွင် ပွဲတော်တွင် ရောင်းချ နေသည့် ထိုင်းနိုင်ငံ ချင်းမိုင်ဒေသ ထွက်ကုန်စည်တစ်မျိုး ဖြစ်သည့် မီးဖို ချောင်သုံးနှင့် လုပ်ငန်းခွင်သုံး ဓားမျိုးစုံ အရောင်းဆိုင်မှ ဓားကို ဝယ်ယူပြီး ဓားထိုးမှု ကျူးလွန်ခဲ့သည်ဟု ဈေးပွဲတော် သို့ သွားသူများထံမှ သိရသည်။

ယင်းသို့ အခင်းဖြစ်ပွားပြီး နောက် ဓားဆိုင်ကို ညတွင်းချင်း ပိတ်သိမ်းလိုက် ကြောင်း ဈေးပွဲတော် လုံခြုံရေး တာဝန် ကျသူများက ပြောပြသည်။
တတိယညတွင် ပွဲတော်ပြီး၍ ဆိုင်ခန်းသိမ်းဆည်းနေစဉ် တစ်နာရီ နီးပါး မီးပျက်သွားသဖြင့် ဆိုင်သိမ်း နေသည့် ထိုင်းဈေးသည် အမျိုးသမီးများ ထံမှ ငွေလုယက်မှု ဖြစ်ပွားခဲ့သည်ဟု ထိုင်းဈေးသည် များထံမှ သိရသည်။

ထို့အပြင် စတုတ္ထညတွင်လည်း လူငယ်အချင်းချင်း စကားများ ခိုက်ရန် ဖြစ်ခဲ့သည်ဟု ပွဲတော် လာရောက်သူ ဒေသခံများထံမှ သိရသည်။
နောက်ဆုံးညတွင်မူ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ဘဲ အေးချမ်းစွာ ပြီးဆုံးခဲ့သည်ဟု ဈေးဆိုင်ရောင်းသူ များက ပြောပြသည်။
” ကိုယ့်မြို့ ဂုဏ်သိက္ခာတော့ မထိ ခိုက်အောင် ထိန်းသိမ်းရမှာပေါ့ ၊ ပစ္စည်း ခိုးတာ လုယက်တာတွေကို နှစ်ဖက် စလုံးက ဂုဏ်သိက္ခာကြောင့် တရားဝင် ထုတ်မပြောပေမယ့် ထိုင်းဈေးသည်တွေ အချင်းချင်း ပြောဆို နေသံတွေကိုတော့ ကြားရတယ်” ဟု ပိတောက်ရွှေဝါ ရပ်ကွက်နေ ဦးနိုင်က ဆိုသည်။
ယင်းဈေးရောင်းပွဲတော်တွင် ထိုင်း နိုင်ငံမှ အိမ်အသုံး အဆောင် ပစ္စည်းများ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ နှင့်အတူ ဓားမျိုးစုံကိုလည်း ရောင်းချခဲ့ သည်။