နာနတ်သီးနှင့် ကျန်းမာရေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

နာနတ်ပင်သည် နှစ်ရှည်ခံပင် အမျိုးအစားဖြစ်ပြီး ယင်း၏ ရုက္ခဗေဒ အမည်မှာ Ananas comosus ဖြစ် သည်။ ဒေသအရင်း ပေါက်ရောက်ရာ အရပ်သည် တောင်အမေရိကတိုက် ဘရာဇီးလ်နိုင်ငံနှင့် ပါရာဂွေးနိုင်ငံကြား အပူပိုင်းရပ်ဝန်းဒေသများ ဖြစ်၏။ ရေပြတ်လပ်မှုကို ခံနိုင်စွမ်းရှိ ပြီး အပင် အမြင့် ၃ ပေခွဲမှ ၄ ပေအထိ ကြီးထွား နိုင်သည်။ အပင်သက်တမ်း ၁ နှစ်ခွဲမှ ၂ နှစ်အကြာတွင် ပန်းပွင့်၍ အသီးသီးသည်။

စီးပွားဖြစ်စိုက်ပျိုးကြ သော နာနတ်ခင်း များတွင် အချိန်စောစွာ ပန်းပွင့် အသီး သီးရန်အတွက် ဗီဇပြောင်း နည်းပညာ များဖြင့် ပြုပြင်ဖန်တီး၍ စိုက်ပျိုးကြသည်။ ရင့်မှည့်သော သစ်သီး ၀လံများတွင် အက်သလင်းခေါ် ဓာတု ဒြပ်ပေါင်းတစ်မျိုး ဖြစ်လာပြီးနောက် အဝါရောင်သန်း၍ လာတတ်သည်။ စီးပွားဖြစ် စိုက်ပျိုးသော နာနတ်စိုက်ခင်းများတွင် အသီး မဆွတ် ခူးမီ တစ်ပတ်ခန့် အလိုတွင် အက်သီဖွန် ခေါ် ဓာတုဆေးရည် တစ်မျိုးကို အသီး များအား ပက်ဖျန်းကာ သဘာဝ မဟုတ် သောနည်းဖြင့် အသီးများတွင် အက်သ လင်း ဒြပ်ပေါင်း အလျင်အမြန် ဖြစ်ပေါ် စေပြီး ရွှေဝါရောင်သန်းလာအောင် ပြု လုပ် တတ်ကြပေသည်။

ဘရားဇီးလ်နိုင်ငံသည် ကမ္ဘာပေါ် တွင် နာနတ်ပင်များ စီးပွားဖြစ် အများ ဆုံး စိုက်ပျိုးသောနိုင်ငံ ဖြစ်သည်။ ထို့အတူ ဖီလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည် လည်း ဘရာဇီးလ်နိုင်ငံ၏ နောက်တွင် ဒုတိယနှင့် တတိယအများဆုံး စိုက်ပျိုး ကြသည်။ ၎င်းအပြင် အင်ဒိုနီးရှား၊ တရုတ်၊ နိုင်ဂျီရီးယား၊ မက္ကဆီကို၊ တိုင် ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် စီးပွားဖြစ် စိုက်ပျိုး လျက်ရှိသော နာနတ်စိုက်ခင်း များကို တွေ့ရှိရပေသည်။
pine-apple
၁၉၇၀ ကာလလွန်နှစ်များတွင် အက်စစ်ဓာတ်(အချဉ်ဓာတ်) ပါဝင်မှုနည်း သော နာနတ်သီးများကို ဟာဝိုင်ရီကျွန်း တွင် စမ်းသပ်စိုက်ပျိုး အောင်မြင်ခဲ့၏။ သို့ဖြစ်၍ သက္ကရာဇ် ၂၀၀၀ ခုနစ် နောက်ပိုင်း အမေရိကန်နှင့် ဥရောပနိုင်ငံ များရှိ ကုန်တိုက်ကြီးများတွင် အချဉ် ဓာတ် မပါသော ဗီဇပြောင်း နာနတ်သီး များကို ရောင်းချလာကြသည်။

နာနတ်သီးတွင် အာဟာရ တန်ဖိုး များစွာ မပါရှိသော်လည်း ၎င်းတွင် ဗိုက်တာမင်ဘီ အုပ်စု၊ ဗိုက်တာမင်စီနှင့် မဂ္ဂနီးစ် သတ္တုဓာတ်များ အလွန်ကြွယ် ၀စွာပါရှိ သဖြင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသည့် စားသုံး သင့်သော သီးနှံတစ်မျိုး ဖြစ်သည်။
ကာဘွန်ဟိုက်ဒြိတ် ၊ သကြားဓာတ်၊ အမျှင်ဓာတ်များပါရှိပြီး အဆီဓာတ်နှင့် ပရိုတိန်းဓာတ် ပါဝင်မှု အလွန်နည်းသည်။ သတ္တုဓာတ်အနေဖြင့် မဂ္ဂနီးစ်သတ္တု ဓာတ်တစ်မျိုးတည်းသာ များစွာပါရှိပြီး အခြားသတ္တုဓာတ်များ မဆိုစလောက်သာ ပါရှိပေသည်။ သာမာန် အရွယ်အစားရှိ နာနတ်သီးစိတ် တစ်စိတ်သည် ခန္ဓာ ကိုယ်အတွက် တစ်နေ့တာ လိုအပ်သော မဂ္ဂနီးစ်သတ္တုဓာတ် ၄၄ ရာခိုင်နှုန်းနှင့် ဗိုက်တာမင်စီဓာတ် ၅၈ ရာခိုင်နှုန်း ဖြည့်ပေးနိုင်သည်။ နာနတ်သီး အသား ၃.၅ အောင်စမှ စွမ်းအင် ၅၀ ကယ်လိုရီ ရရှိ၏။

နာနတ်သီး၏ အူတိုင်နှင့် ရိုးတံ တွင် ဘရိုမီလိန်း Bromelain ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုး ပါရှိသည်။ ယင်းသည် အစာချေ အင်ဇိုင်းတစ်မျိုး ဖြစ်ပြီး၊ အစာအိမ်အ တွင်းရှိ၊ ပရိုတိန်း များကို ချေဖျက်သဖြင့် အစာကြေစေသော အာနိသင်ရှိ၏။ ၎င်းအပြင် ဘရိုမီလိန်း သည် ခန္ဓာကိုယ် အရိုးအဆစ် ရောင်ရမ်း နာကျင်ခြင်း၊ သွေးခဲခြင်းတို့အား ကာကွယ်ပေးပြီး တစ်ချို့သော အသား ပိုများ ကြီးထွားမှုအား ဟန့်တား နိုင်စွမ်း ရှိ၏။ နာနတ်သီးတွင် ပါရှိသော မဂ္ဂနီးစ် သတ္တုဓာတ်သည် အရိုးသန်မာစေ ပြီး၊ အရိုးနှင့်ဆက်စပ်သော တစ်ရှူးများ အားသန်စွမ်းစေသည်။ အထူးသဖြင့် မီးယပ်သွေးဆုံး အမျိုးသမီးများအတွက် အရိုးပွခြင်းမှ ကာကွယ် ပေး၏။

နာနတ်သီးတွင် ကြွယ်ဝစွာပါရှိသော ဗိုက်တာမင်စီဓာတ်သည် ဓာတ်တိုးဆန့် ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် အတွင်းရှိ ဖရီးရယ်ဒီကယ် အိုင်းယွန်းများ အား ချေဖျက်နိုင်စွမ်း ရှိသဖြင့် ယင်းဖရီး ရယ်ဒီကယ် အိုင်းယွန်းများကြောင့် သွေး လွှတ်ကြော နံရံများ မာကျော၍ လာကာ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ ဖြစ်ပွားမှုတို့အား ကာကွယ်ပေးသည်။ ၎င်းအပြင် အူမကြီးဆဲလ်များ၊ ပျက်စီးပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ဟန့်တားပေး၏။ ဗိုက်တာမင်စီသည် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ရန်အတွက် အဓိက အရေး ပါပြီး အအေးမိနှာစေးခြင်း၊ ချောင်းဆိုး ခြင်းနှင့် နှာရည်ယိုခြင်းတို့အား သက် သာ ပျောက်ကင်းစေသည်။ ထို့အတူ တုပ်ကွေးရောဂါ ဖြစ်ပွားမှုအားလည်း တားဆီးကာကွယ် ပေးသည်
နာနတ်သီးတွင် ဗိုက်တာမင်စီ ဓာတ် ပါဝင်မှုများသဖြင့် လွန်ကဲစွာ စားသုံးခြင်းဖြင့် ဝမ်းလျှောခြင်း၊ ပျို့အန် ခြင်း၊ ဗိုက်နာခြင်းနှင့် ရင်ပူခြင်းတို့ ခံစားရတတ် ပေသည်။
မမှည့်သေးသော နတ်နတ်သီး အစိမ်းသည် စားသုံးသူအား အဆိပ် အတောက်ဖြစ်စေပြီး ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်း ဝေဒနာ များ အပြင်း အထန် ခံစားရတတ်သဖြင့် နာနတ်သီး အစိမ်းအား စားသုံးခြင်းမှ ရှောင်ရှားသင့် ပေသည်။

References
(1) Pineapple. Archived From the original on 18 July 2012.
(2) History of the Pineapple.