မွန်ပါတီများ လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ဦးစားပေးမည်

0
678

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းကို လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေး ရွေးချယ် သွားမည် ဖြစ်ကြောင်း မွန် ပါတီများထံမှ သိရသည်။

မွန်ပါတီများဖြစ်သည့် မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန် အမျိုးသားပါတီတို့က လာမည့် ရွေး ကောက်ပွဲအတွက် လူငယ်နှင့် အမျိုး သမီးကို ဦးစားပေးမည်ဟု ထုတ် ဖော် ပြောလာကြခြင်း ဖြစ်သည်။ယခု တစ်ကြိမ် ရွေးကောက်ပွဲတွင် အမျိုးသမီးများကို ပိုမိုဝင်ပြိုင်စေချင်ပြီး အဆိုပြုလာပါက ပြုသလောက် နေရာ ပေးမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီမှ ပြောသည်။
” အရည်အချင်း သတ်မှတ်ချက် တူညီရင် လူငယ်နဲ့ အမျိုးသမီး ကိုယ် စားလှယ်လောင်းတွေကို ဦးစားပေး ရွေးချယ်သွားမယ်” ဟု မွန်အမျိုး သားပါတီ အတွင်းရေးမှူး နိုင်လယီတမ က ဆိုသည်။

မွန်ပြည်နယ်တွင် အမျိုးသမီးပါတီ ပေါ်လာသည့်အပြင် ပါတီများကလည်း အမျိုးသမီးများကို နေရာပေး လာသည့် အတွက် ယခုတကြိမ် ရွေးကောက်ပွဲတွင် အမျိုးသမီးအမတ်များ ပိုပြီး ပေါ်ထွက် လာမည်ဟု ထင်မြင်ကြောင်း မွန်အမျိုးသမီး မိချမ်းရော့က ပြောသည်။
လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်း ရင်းသား စည်းလုံး ညီညွတ်ရေး ပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် ပါတီကြီးတို့က လှုပ်ရှား လျက်ရှိသည်။