မဲစာရင်း လူထု စိတ်မဝင်စား၊ ကောသောင်းတွင် ကားဖြင့် ဆော်ဩ

0
539

ကော့သောင်းမြို့နယ်တွင် အခြေခံ မဲဆန္ဒရှင်စာရင်းကို လူထု စိတ်ဝင် စားမှု မပြသဖြင့် ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ကားဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည်ဆော်ဩ လျက်ရှိကြောင်း ယင်းပါတီနှင့် ကော့သောင်းမြို့ခံများထံမှ သိရသည်။

မဲစာရင်းကို ဇွန်လ ၂၂ ရက်နေ့က စတင် ကြေညာထားသော် လည်း တစ်ပတ်ကြာသည်အထိ လူထုစိတ်ဝင် စားမှု နည်းနေသည့်အတွက် ဇွန်လ ၂၉ ရက်နေ့မှ စပြီး ယင်းသို့ အသိပေး နှိုးဆော်ခြင်း ဖြစ်ကြောင်း ကော့သောင်း မြို့နယ် NLD မှ မဲစာရင်း စိစစ်ရေး အဖွဲ့ ဒု-ခေါင်းဆောင် ဦးကျော်သက် နိုင်က ပြောသည်။
” ကားမဝင်နိုင်တဲ့ လမ်းကြား တွေကို ခြေလျင်လျှောက်ပြီး တိုက် တွန်း နှိုးဆော်သွားမယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မဲပေးပိုင်ခွင့်ရှိပြီး မဲ စာရင်းတွင် မပါသူများစာရင်းကို တစ်အိမ်တက်တစ်အိမ်ဆင်း မဲစာရင်း ပြုစုလျက်ရှိကြောင်း သိရသည်။
” ရွေးကောက်ပွဲချိန် မဲပေးရမှာ တော့သိတယ်၊ ဘယ်ပါတီကို မဲပေး ရမယ်ဆိုတာ မသိတော့ မဲစာရင်းသွား ကြည့်ဖို့ကိုလည်း စိတ်မဝင်စားဘူး၊ ဒါကြောင့် သွားလည်းမကြည့်ဘူး” ဟု ပိတောက်ရွှေဝါရပ်ကွက်နေ မုန့်ချိုလုပ် ရောင်းသူ ဒေါ်စန်းမြင့်က ဆိုသည်။
ယင်းသို့ နှိုးဆော်ခြင်းကို ၃ ရက်ကြာ ပြုလုပ်သွားမည်ဟု ကော့သောင်းမြို့နယ် NLD က ပြောသည်။