ဗိုလ်လုပွဲနဲ့ လွဲခဲ့ရတဲ့ သားဂန်း

0
591

Channel 7 က အိပ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲအစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင် နေတဲ့ ကံပေါက်သားလေး သားဂန်းဟာ နောက်ဆုံး ဗိုလ်လုပွဲအဆင့်မှာ ထွက်လိုက်ရပါတယ်။

နောက်ဆုံး အကောင်းဆုံး သုံးယောက်ရွေးချယ်တဲ့ အဆင့်အထိပါခဲ့ပြီး အကောင်းဆုံး တစ်ယောက်ကိုသာ ရွေးချယ်မယ့် အဲဒီအစီအစဉ်မှာ သားဂန်းဟာ ပြီးခဲ့တဲ့အပတ်က ပရိသတ် မဲအနည်းအများနဲ့ ပြိုင်ပွဲကနေထွက် လိုက်ရတာပါ။နောက်ဆုံးကျန်တဲ့ အောင်ထက်နဲ့ ဂျေနဗီတို့ က ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကြိုးစားထားပေမယ့်လည်း နောက်ဆုံး အဆင့်ပြိုင်ပွဲအထိ မတက်ရောက်နိုင်ခဲ့တဲ့ သားဂန်းဟာ ပြိုင်ပွဲမှာ နှုတ်ထွက်ခဲ့ရတာနဲ့ပတ်သက်ပြီသူ့ ခံစားချက်ကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုလိုမျိုး မျှဝေထားပါတယ်။

” အမှန်အတိုင်းပြောရရင် ကျွန်တော် အရမ်းဝမ်း နည်းခဲ့ပါတယ်။ အရာရာ ပြင်ဆင်ထားခဲ့ ပေမယ့် ကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြေတခုကို လက်မခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့်တဖက်ကလည်း ကျွန်တော်ကို ဖုန်းနဲ့ message တွေနဲ့ online ကနေအမျိုးမျိုး အားပေးကြသော ကျွန်တော်နဲ့ ထပ်တူခံစားပေး ကြသော သူငယ်ချင်းများ ညီအကိုမောင်နှမများကြောင့် အစစအရာရာ အမြန်ဆုံးပြန်တည့်မတ်နိုင်ခဲ့ပါတယ်”သူ့ရဲ့ အိပ်မက်တွေမပြည့်စုံခဲ့ပေမယ့် သူငယ်ချင်းတွေရခဲ့တာ ကံအကောင်းဆုံး ဖြစ်ခဲ့ပြီ ရှေ့ဆက်ကြိုး စားသွားမယ်လို့လည်း ပရိသတ်ကိုအသိပေးထားပါသေးတယ်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကိုဇူလိုင် ၅ ရက်မှာကျင်းပမှာဖြစ်ပြီနောက်ဆုံး အဆင့်ထိ ရောက်ခဲ့တဲ့ ပြိုင်ပွဲဝင် သုံးဦးကို သီချင်းခွေထုတ်ပေးဖို့ စီစဉ်ထားတယ်လို့ ပြိုင်ပွဲစီစဉ်တဲ့ Forever BecTero Country မန်နေဂျာကိုစိုးသူရက 7 days သတင်းစာမှာ ပြောဆိုထားပါတယ်။