ပရာကျွတ်သို့ ရေထွက်ပစ္စည်း တင်ပို့ရန်မဖြစ်နိုင်သေး

0
601

မောတောင်နယ်စပ် စခန်းနှင့် တဆက်တည်းရှိသည့် ပရာကျွတ်ခရိုင်မှ ထိုင်းလုပ်ငန်းရှင်များက ရေထွက်ပစ္စည်း တင်ပို့ရန် ကမ်းလှမ်းသော်လည်း ပရာကျွတ်ခရိုင်တွင် ငါးဈေးကွက်မရှိ သေးသည့်အတွက် တင်ပို့ရန်မဖြစ်နိုင် သေးဟု မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က ပရာကျွတ်မြို့မှ သားငါးများ ဝယ်ယူရန် ကမ်းလှမ်းချက် အရသွားရောက်ရောင်းချဖူးသော်လည်း ၎င်းတို့ပေးသည့်ဈေးအတိုင်းသာရောင်းချရသဖြင့် ရှုံးခဲ့ဖူးသည်ဟု မြိတ်ခရိုင် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” သူတို့မှာက ငါးဈေးကွက် မဖော်နိုင်သေးဘူး၊ ဘယ်ငါးကဘယ် ဈေးရှိမယ်ဆိုတာ ကြိုလည်း မပြောဘူး၊ ဟိုကျမှ ပစ်ချတဲ့အဆင့်နဲ့ဆိုသွားလို့ အဆင်မပြေဘူး” ဟု မြိတ်ခရိုင် ငါး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူက ဆိုသည်။ ထို့ပြင် သားငါးများကိုပရာကျွတ်သို့တင်ပို့ပါက အအေးခန်းကားများ ဖြင့်တင်ပို့ရမည်ဖြစ်ပြီး လက်ရှိလမ်းအနေ ထားက အအေးခန်းကားများ မသွားနိုင် သေးဟု သိရသည်။

ထိုင်းနယ်စပ်ဂိတ်မှပို့ကုန်၊ သွင်းကုန် များကို တရားဝင်ခွင့်ပြုပေးထားသော် လည်း ထိုင်းနိုင်ငံအတွင်းသို့မြန်မာကား များ သွားခွင့်မရှိသည့်အတွက် မောတောင်ဂိတ်တွင် ထိုင်းကားများဖြင့် ပြန်လည် သယ်ယူရမည့်အခက်အခဲ လည်းရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်း ချုပ် အဖွဲ့မှ သိရသည်။

လက်ရှိတွင်မြိတ်ဒေသမှaရေထွက် ပစ္စည်းများကိုထိုင်းနိုင်ငံရနောင်းမြို့သို့ရေလမ်းဖြင့်တင်ပို့ရောင်းချလျက်ရှိသည်။