မြိတ်သွေး အလှူရှင်အဖွဲ့များ ဝန်နှင့် အား မမျှဖြစ်လာ

0
459

မြိတ်တွင် သွေးအလှူရှင် အဖွဲ့များ ဝန်နှင့်အားမမျှ ဖြစ်လာသည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလက စပြီး သွေး အလှူရှင်များထံမှ သွေးရနှုန်း ကျဆင်း လာသည့်အပြင် လက်ရှိ ဖြစ်ပွားနေသည့် သွေးလွန် တုပ်ကွေး ဖြစ်နှုန်း မြင့်တက် နေသည့်အတွက် ယင်းသို့ ဝန်နှင့် အား မမျှဖြစ်ရခြင်း ဖြစ်ကြောင်း လောဟိတ ဒါန သွေးအလှူရှင် အသင်းမှ အဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်က ပြောသည်။

ပုံမှန် အခြေအနေတွင် တစ်လ သွေး ပုလင်း ၄၀၀ မှ ၅၀၀ အထိ လှူနိုင်သော်လည်း လက်ရှိတွင် တစ်လ သွေးပုလင်း ၁၀၀၀ မှ ၁၃၀၀ အထိ လိုအပ်လာကြောင်း ယင်းအသင်းဝင် ကိုအောင်ငယ် ရှင်းပြသည်။ ” သွေးလိုအပ်တဲ့ လူနာရှင် တစ်ယောက်ယောက်က လာမေးရင် သွေးဖောက်ပေးဖို့ အလှူရှင်ကို တအားလိုက်ရှာနေရတဲ့ အနေအထား မျိုး ဖြစ်နေတာပါ “ဟု ၀ဋံသကနာရေး အသင်း သွေးအလှူရှင်အဖွဲ့မှ ဦးဆောင်သူ ကိုခင်ဇော်က ဖွင့်ဟသည်။
သွေးအလှုရှင်အဖွဲ့များတွင် သွေးဖောက်ပြီးသား ဦးရေများ သည့်အတွက် အလှူရှင်နှင့် အလှူခံ မမျှဖြစ်နေပြီး သွေးအလှူရှင် တစ်ဦးသည် ၄ လအတွင်း သွေး ၁ ပုလင်း၊ တစ်နှစ် ၃ ကြိမ်သာ ဖောက်နိုင် သည်ဟု သိရသည်။

” တကယ် လိုအပ်လို့ လာ အကူအညီတောင်းလို့ အဖွဲ့တွေမှာ လမပြည့်သေးပဲသွေးတွေ ဖောက်ပေး ရတဲ့အထိ ရှိလာတယ်” ဟု ဇီဝိတဒါန သွေးအလှူရှင်အသင်း ခေါင်းဆောင် ဦးကျော်ဌေးက ပြောသည်။
မြိတ်တွင် သွေးအလှူရှင်အဖွဲ့ ၁၀ ကျော် ရှိပြီး ၈ ဖွဲ့ခန့်သာ အားကောင်း သည်ဟု သိရသည်။