သူဌေးကျွန်းဟိုတယ်ပိုင် စက်လှေ မီးလောင်

0
603

ကော့သောင်းမြို့နယ် သူဋ္ဌေး ကျွန်း ဟိုတယ်ပိုင် စက်လှေတစ်စီး ဇွန်လ ၂၄ ရက် နံနက် ၅ နာရီ ခွဲတွင် မီးလောင် ခဲ့ကြောင်း စက်လှေစာရင်းကိုင် ဦးအောင်ကျော်ဦးထံမှ သိရသည်။

ယင်းနှစ်ထပ် စက်လှေအား ပြုပြင် ရန် သူဌေးကျွန်းကမ်းတွင် ဆိုက်ကပ်ထား စဉ် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဦးအောင်ကျော် ဦးက ပြောသည်
“လှေထဲမှာက ဘယ်သူမှ မရှိ ဘူး၊ လှေအတွင်းထဲက မီးစတွေ့လို့ ဝန်ထမ်း တွေ ဆင်းကြည့်ပြီး မီးငြိမ်းသေးတယ်၊ မမီတော့ဘူး၊ အသိနောက်ကျလို့ အခုလို ဖြစ်သွားတာပါ” ဟု ၎င်းက ဆိုသည်။လက်ရှိ အခြေအနေအရ စက်လှေ၏ စက်ခန်းရှိ ဘက်ထရီအိုး ရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းသည်ဟု ယူဆကြောင်း ကော့သောင်းမြို့နယ် မီးသတ် တပ်ဖွဲ့ ဦးစီးမှူးက ပြောသည်။

ခန့်မှန်း ဆုံးရှုံးမှု ကျပ် သိန်း ၄၀ ခန့်ရှိမည်ဟု အထက်ပါ ဦးစီးမှူးက ပြောသည်။
သက်ဆိုင်ရာ မီးသတ် တပ်ဖွဲ့ များ၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်း ငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည် ဟု သိရသည်။