ကွမ်းရွက်ပင် တစ်နှစ်ထက် တစ်နှစ် ပိုးကျလာ၊ ကာကွယ်ရန် နည်း မတွေ့သေး

0
804

ကော့သောင်းမြို့ရှိ ကွမ်းစိုက် တောင်သူများ ကွမ်းရွက်ပင် များ တစ်နှစ်ထက် တစ်နှစ် ပိုးကျလာပြီး ကာကွယ်နိုင်သည့် နည်းလမ်း ရှာမတွေ့ သေးကြောင်း ကွမ်းစိုက် တောင်သူများ ထံမှ သိရသည်။ကော့သောင်းတွင် ကွမ်းရွက် အပင် ပိုးကျခြင်းကို ယမန်နှစ်မှ စတင် ကြုံတွေ့ နေရပြီး အပင်များ သေဆုံးသည်အထိ ကြုံရကြောင်း ၎င်းတို့ ပြောသည်။


” ကွမ်းရွက် စိုက်လာတဲ့ သက် တမ်းတစ်လျှောက် အခုလို ပိုးထိ တာ တခါမှ မကြုံဖူးဘူး” ဟု နှစ် ပေါင်း ၂၀ ကွမ်းရွက်ပင် စိုက်ပျိုးနေသူ ဦးဝင်းမောင် က ဆိုသည်။ယင်းပိုးများသည် မြေကြီးထဲမှ ထွက်လာပြီး အပင်များကို ကိုက်ဖြတ် ဖျက်ဆီးပြီး မည်သည့်နေရာမှ စလာသည်ကိုမူ စိုက်ပျိုးရေး ဌာန ဘက်မှလည်း အဖြေရှာ မရသေးဟု ဦးဝင်းမောင်က ပြော သည်။
ကွမ်းရွက်ပင်များ ပိုးကျသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဦးစီး ဌာနမှ ထုတ်ပေးသည့် ပိုးသတ်ဆေး ကို အသုံးပြုသော်လည်း မြေပိုး အန္တရာယ်  ကာကွယ်နိုင်ခြင်း မရှိ သေးဟု  ကွမ်းရွက် စိုက်ပျိုးသူ များက ရှင်းပြသည်။” ဒီနှစ်မှာတော့ ထိုင်းကုမ္ပဏီ တစ်ခု က ထုတ်တဲ့ ပိုးသတ်ဆေးကို စမ်းသပ် အသုံးပြု နေတယ်” ဟု ကွမ်းရွက်စိုက်သူ တစ်ဦးက ဆိုသည်။
စိုက်ပျိုးရေးဘက်မှလည်း တက်နိုင် သလောက် ပိုးသတ်ဆေး အမျိုးမျိုး စမ်းသပ်ပြီး ကွင်းဆင်း ဆောင်ရွက်ကာ အဖြေရှာနေသည်ဟု ကော့သောင်းမြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဦးစီးဌာနက ပြောသည်။ ကွမ်းရွက်ကို မိုးအဝင် ဇွန်လ တွင် စတင် စိုက်ပျိုးသည်ဟု သိရသည်။ကွမ်းရွက်အပင် ပိုးကျခြင်း ကြောင့် ပြီးခဲ့သည့်နှစ်က အပင် ပေါင်း သောင်းချီ ဆုံးရှုံးမူကြုံ ခဲ့ရသည်ဟု ကွမ်းစိုက် တောင်သူများက ပြောသည်။