တီဇစ် အုပ်ချုပ်ရေးမှူးနှင့် မြေယာကော်မတီအဖွဲ့ဝင်များအား အရေးယူပေးရန် တိုင်ကြား

0
490

ကျေးရွာပိုင်မြေများကို တရား မဝင်အကွက် ရိုက်ရောင်း ချသည် ဟုဆိုကာ လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြေယာ ကော်မတီအဖွဲ့ဝင်များအား  အရေးယူပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ဇွန်လ ၁၉ ရက် နေ့က စာပို့တိုင်ကြား ထားကြောင်း တီဇစ်ကျေးရွာဒေသတချို့ထံမှ သိရ သည်။


တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် မြေယာ ကော်မတီ အဖွဲ့ဝင်များသည် ကျေးရွာပိုင် မြေလွတ် မြေလပ်များပေါ်တွင် လူနေအိမ် မြေကွက်ရိုက်၍ တစ်ကွက်လျှင် ကျပ် ၁ သိန်းနှုန်း ဖြင့် မြေကွက်ပေါင်း ၅၀ ကျော် အထိ ရောင်းချထားကြောင်း ၅၀ ကျော်အထိ ရောင်းချခဲ့သည်ဟု ဝန်ကြီးချုပ်ထံ တိုင်ကြားစာတွင် ပါရှိသည်။

” အုပ်ချုပ်ရေးမှူးကို မကျေနပ် လို့ တိုင်တဲ့အထဲမှာ သူတို့ အကွက် ရိုက်ပြီး ရောင်းထားတဲ့ မြေကွက် တွေကို ဝယ်ထားတဲ့ သူတွေလည်း လက်မှတ်ထိုး ပေးထားတယ်” ဟု ဝန်ကြီးချုပ်ထံ တိုင်ကြားရာတွင် ပါဝင်သည့် ဒေါ်ဇာကြူက ပြော သည်။၎င်းအပြင် အုပ်ချုပ်ရေးမှူးနှင့် မြေယာ ကော်မတီအဖွဲ့ဝင် ဦးဝင်းမင်းစိုးတို့က ရွာသားများ၏ သီဟိုဋ္ဌ်ခြံမြေများ ရောင်းချမှုတွင် လည်း ရောင်းချသူထံမှ အတင်း အဓမ္မ ကျပ်သိန်းငါးဆယ်၊ ကျပ် သိန်း လေးဆယ်နှင့် ကျပ် ၁၃ သိန်း စသဖြင့် ငွေတောင်းပြီး မပေးပါက ရောင်းချခွင့် မပြုဟု ဆိုခြင်းကြောင့် ခြံရောင်း သူများက ပေးလိုက် ရသည်ဟု တိုင်ကြားစာ တွင် ဖော်ပြထားသည်။

အထက်ပါ တိုင်ကြားမှုနှင့် ပ တ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်အား တနင်္သာရီဂျာနယ်မှ ၎င်း၏ လက်ကိုင်ဖုန်းနှင့် တဆင့် ခေါ်ဖုန်းတို့မှတဆင့် ဆက်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးပမ်း ခဲ့သော်လည်း လက်ကိုင် ဖုန်းစက် ပိတ်ထားခြင်း၊ တဆင့်ခေါ် ဖုန်း ခေါ်ပေးရန် အခက်အခဲရှိခြင်းတို့ ကြောင့် မေးမြန်းခွင့် မရခဲ့ပေ။အုပ်ချုပ်ရေးမှူးနှင့် မြေယာ ကော်မတီ အဖွဲ့အဝင်များ အား ဒေသခံ ၂၈ ဦး လက်မှတ်ရေး ထိုးကာ တိုင်ကြားထားခြင်း ဖြစ် ကြောင်း သိရသည်။