မိုးသည်းတိုင်း စာသင်ခန်း အတွင်း ရေဝင်

0
484

မြိတ်မြို့နယ် အလယ်ကျွန်း နယ်မြေ ပါရမီရပ်ကွက်ရှိ အခြေခံ ပညာ မူလတန်းလွန်ကျောင်းတွင် မိုးသည်းတိုင်း စာသင်ခန်းများ အတွင်းသို့ ရေဝင် သဖြင့် ကျောင်း သားများ စာသင် ကြားရန် အခက်တွေ့နေရကြောင်း ယင်း ကျောင်းရှိ ဆရာမများထံမှ သိရသည်။


myeik-floating-schoolအဆိုပါ စာသင်ကျောင်းသည် မြေနိမ့်ပိုင်း ရပ်ကွက်အတွင်း တည်ရှိ နေပြီး နှစ်စဉ် မိုးရာသီရောက်ပါက မိုးသည်းတိုင်း စာသင် ခန်း အတွင်းသို့ ရေဝင်သည်ဟု သိရသည်။” တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ဝင်နေပါတယ်၊ မနှစ်တုန်းကဆိုရင် မိုးလယ်လောက်မှ ရေဝင်တယ်၊ ဒီနှစ် မိုးရာသီအစမှာကို ရေဝင် နေပါတယ်” ဟု ကျောင်း အကျိုးတော် ဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမောင်ကျော်က ဆို သည်။
စာသင်ခုံအောက်အထိ ရေ ရောက် လာသည့်အတွက် ကျောင်းသားများ ခုံပေါ်တွင် ဒူးတုပ်ထိုင်ကာ ဆရာမများ က ထိုင်ခုံဖြင့်ခုပြီး စာသင်နေရသည်ဟု ယင်းကျောင်းမှ ဆရာမတစ်ဦးက ပြောပြသည်။
” အခုက ရေတင်မကဘူး တစ်ခါ တစ်လေ မြွေလည်း တွေ့နေရတော့ ကျောင်းသားတွေလည်း တထိတ်တလန့် နဲ့ ပညာသင် ကြားနေရပါတယ်” ဟု မူလတန်းပြ ကျောင်းဆရာမတစ်ဦးက ဖွင့် ဟသည်။ ယင်းသို့ အခက်အခဲကြားက တတ်နိုင်မျှ သင်ကြားနေသော်လည်း မိုးသည်းလွန်းသည့်အခါ တချို့ရက်များ တွင် မဖြစ်မနေ ကျောင်းပိတ်ရသည့် အတန်းများ ရှိသည်ဟု ယင်းကျောင်းရှိ ဆရာမ တချို့ထံမှ သိရသည်။
ထို့ကြောင့် ကျောင်းဆောင်ရှိ ကြမ်းခင်းများကို ပြန်လည်မြှင့် တင်နိုင် ရန်၊ စာသင်ဆောင်အတွင်းရှိ စင်္ကြန် လမ်း ပြန်လည်တည် ဆောက်နိုင်ရန် အတွက် ခန့်မှန်း ကုန်ကျငွေ ကျပ်၁၅၆ သိန်းကို ပြီးခဲ့သည့်နှစ် ဩဂုတ်လက တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ တင်ပြတောင်းဆို ထားသော်လည်း လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသေး ကြောင်း ယင်းကျောင်းမှ သိရ သည်။ပါရမီ အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် လက်ရှိ ကျောင်းသား ကျောင်းသူ ၄၇၉ ဦးကို ဆရာ/ မ ၁၈ ဦးက ပညာသင် ကြားပေးလျက် ရှိကြောင်း သိရသည်။
မြေနိမ့်၊ မြေပျော့ပိုင်းဖြစ်သည့် ပါရမီ ရပ်ကွက်သည် နှစ်စဉ် မိုးတွင်း ကာလအတွင်း မိုးကောင်းရေများ ကြောင့် လမ်းမကြီးများပေါ်အထိ ရေများ ပြည့်လျှံလေ့ရှိကာ  အများ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူ များအတွက် သွားလာရေး အခက်အခဲ များနှင့် ကြုံတွေ့နေရသည့် ရပ်ကွက် တစ်ခုဖြစ်သည်။