ကျောက်မီးသွေးစက်ရုံ ကန့်ကွက်သူများ အမှုဖွင့်ခံရ

0
545

မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် မြေနေရာ လိုက်လံဝယ်ယူသူကို ကန့်ကွက်ခဲ့သူများကို တရားစွဲဆိုခဲ့သည့် အမှု ဇွန် ၂၅ က ဒုတိယအကြိမ် စစ်ဆေး ခဲ့သည်။


အံဒင်၊ နှီးကရုတ်စသည့် ရွာ ငါး ရွာမှ ကန့်ကွက်ခဲ့သူ ၂၁ ဦးကိုပုဒ်မ ၄ ခု ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း ရေးမြို့နယ် အမှုစစ်ရဲအုပ် ဆန်းဝင်း ကပြောသည်။ပထမအကြိမ်ဇူလိုင် ၂၄ ရက် စစ် ဆေးစဉ်က အမှုဖွင့်ခံရသူများထဲမှ ၁၅ ဦးကို စစ်ဆေးခဲ့ပြီး ယခုကျန်ရှိနေသည့် ၆ ဦးကိုထပ်မံစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အံဒင်ကျောက်မီးသွေး စက်ရုံစီမံကိန်းအတွက် မြေလာဝယ်နေသူ ဟု ဒေသခံများမှတ်ယူထားသည့် အမျိုးသမီးတစ်ဦးမှာ ဇွန်လ ၁၅ရက်က လယ်ယာမြေလုပ် ပိုင်ခွင့်လက်မှတ်ရရှိရန် နှစ်ကရုတ် ကျေးရွာသို့ ဆင်းချိန်တွင် ကန့်ကွက် သူများ လာရောက်ခြိမ်းခြောက် သည်ဟု ဆိုကာ နေအိမ်ပေါ်တက်ရန် ပြုခြင်း၊ ခြံစည်းရိုးများ ဖျက်ဆီးခြင်းစ သည့် ပုဒ်မ ၄ ခုဖြင့်ရေးမြို့နယ်စခန်းမှူး ထံတိုင်ကြား ထားသည်။
သို့ရာတွင် အံဒင်ကျေးရွာနှင့် နှစ် ကရုတ် ကျေးရွာဒေသခံများက ၎င်းတို့မှာ မြေအရောင်းအဝယ် ကိစ္စသာ ရောက်ရှိ လာခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီး တည်းခိုသော အိမ်ကို ဖျက်ဆီးခြင်းမပြု လုပ်ဘဲ “ကျောက်မီးသွေး အလိုမရှိ” ဟူသော ကြွေးကြော်သံကိုသာ ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။
အမှု စစ်ဆေးခံရသူထဲတွင် ပါဝင် သည့် နှီးကရုတ် ရာအိမ်မှူး ဦးအောင်မြင့်ရှိန်က ” ကျွန်တော်တို့ လူစု(၃၀၀) လောက်ရှိပါတယ်။သူ့အိမ်ကို ဘာမှမဖျက်ဆီးခဲ့ပါဘူး။ ကျောက်မီး သွေး အလိုမရှိဆိုတာကိုပဲ အိမ်ရှေ့မှာ ကြွေးကြော်ခဲ့တာပါ။ကျွန်တ်ာကိုယ်တိုင် လူတွေကို အိမ်ထဲမဝင်အောင်ကာ ထားပေးတာပါ”  ဟုပြောသည်။
အံဒင်ကျေးရွာတွင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် လျာထားသည့် ကိစ္စကို ဒေသခံများကကန့်ကွက်ဆန္ဒပြ၊ လွှတ်တော်တွင် တင်ပြခြင်းတို့ကိုပြုလုပ် ဆဲပင်ဖြစ်သည်။
သို့သော် ကျောက်မီးသွေးဓါတ် အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ဧပြီ ၉ရက်က လျှပ်စစ်ဝန်ကြီးဌာနနှင့် Toyo-Thai ကုမ္ပဏီတို့ (MOA) သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၆ ခုနှစ် မွန်ပြည်နယ်အတွင်း စတင် အကောင်အထည်ဖော်မည်ဟု သိရသည်။