လေးခွဖြင့် အပစ်ခံရမည်ဟု သတိပေးပြီးနောက် အမှိုက်ပစ်သူ လျော့လာ

0
456

စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်မှုများ လွန်း၍ လေးခွဖြင့် အပစ်ခံရမည်ဟု ကိုယ်ထူကိုယ်ထ သတိပေး ဆိုင်းဘုတ် စိုက်ပြီးနောက် အမှိုက်ပစ်သူ သိသိသာသာ လျော့လာကြောင်း မြိတ်မြို့ နောက်လယ် ရပ်ကွက်နေသူ တချို့ ထံမှ သိရသည်။


သက်ဆိုင်ရာ၏ အရေးယူမှု အားနည်းခြင်းကြောင့် ” ဒီနေရာမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ရင် လေးဂွနဲ့ အပစ်ခံရမည်”  ဟု သတိပေး ဆိုင်းဘုတ်ကို နောက်လယ်ရပ်ကွက်၊ နောက်လယ် ၁၁ လမ်း၊ အောက်ဘလောက်၊ ဘုရားကိုင်း ချောင်းနံ ဘေးတွင် ပြီးခဲ့သည့် နှစ်လခန့်က စတင်စိုက်ထူခဲ့ကြကြောင်း ယင်း လမ်းနေ ဦးထွန်းမြင့်က ပြောသည်။
မြိတ်မြို့ပေါ်ရှိဈေးများ အပါအဝင် ကုန်စုံဆိုင်များ၊ စား သောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ လူနေအိမ် များ စသည် တို့က နေ့စဉ်စည်းကမ်းမဲ့ အမှိုက် များ နေရာအနှံ့ စွန့်ပစ်နေ ကြသဖြင့် ယင်းသို့ သတိပေး ဆိုင်းဘုတ် များကို စိုက်ထူလာကြခြင်း ဖြစ်ကြောင်း မြိတ် မြို့ခံများက ပြော သည်။” ဒီလို ခြောက်လှန့်တဲ့ သတိပေး ဆိုင်းဘုတ်ကို စိုက်ပြီးတဲ့ နောက်ပိုင်းမှာ အမှိုက်လာပစ်တာ တွေ သိသိသာသာ နည်းသွားတယ်” ဟု ဦးထွန်းမြင့်က ဆိုသည်။
အမှိုက်ကိစ္စကို စည်ပင်သာယာ ရေးအဖွဲ့ကို တိုင်ကြားသော်လည်း ထိရောက်သည့် အရေးယူမှု မရှိ၊ ရပ်ကွက် တာဝန်ရှိသူများက  အမှိုက်မပစ်ရ ဆိုင်း ဘုတ်များကို လာရောက် စိုက်ထူသော် လည်း ထိရောက်မှုမရှိ ဖြစ်နေသည်ဟု နောက်လယ် ၁၁ လမ်းနေ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက ဖွင့်ဟ သည်။မြိတ်မြို့ရှိ ဘုရားကိုင် ချောင်း အပါအဝင် အခြားချောင်းများသည် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် တိမ်ကောစပြုလာပြီး မြိတ် ကမ်းနားလမ်း သည်လည်း အကျည်းတန် လျက်ရှိသည်။