မြိတ် ခရီးသွားလမ်းညွှန် ထိုင်းထုတ်မည်

0
588

မြိတ်ခရီးသွား လမ်းညွှန်စာအုပ်ကို ထိုင်းနိုင်ငံ ပရာကျွတ်မြို့ အခြေစိုက် ပရာကျွတ်ပို့စ် လစဉ်ထုတ် စာစောင်မှ ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။


မြိတ်မြို့နှင့်မောတောင်နယ်စပ် ဂိတ်နှင့် တဆက်တည်းရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့တို့ရှိ ဘုရားကျောင်း ကန် စေတီများနှင့် လေ့လာလည်ပတ် နိုင်သည့် နေရာများကို စာရင်းပြုစုပြီး ခရီးသွားလမ်းညွှန် စာအုပ်ထုတ်မည်ဟု ယင်းအဖွဲ့မှ ခေါင်းဆောင် မစ္စတာ အဘီချမ်၏ ပြောပြချက်ကို ဘာသာပြန် ဦးမြင့်နိုင်က ပြောသည်။
” ပရာကျွတ်မြို့ကို ထိုင်းနိုင်ငံ သားတွေ လာလည်ရင် မြိတ်မြို့နယ် အတွင်းက ဘုရားပုထိုးတွေကို အလွယ် တကူ လာလည်ပတ်နိုင် အောင်လို့ပါ” ဟု ဦးမြင့်နိုင်က ပြောသည်။ စာအုပ်ကို ထိုင်းဘာသာဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး ထိုင်းခရီးသွား လုပ်ငန်းများနှင့် ဟိုတယ်များတွင် အသုံးပြုမည်ဟု သိရသည်။လက်ရှိတွင် မြိတ်မြို့ရှိလည်ပတ် နိုင်သည့်နေရာများကို စတင်လေ့လာ နေပြီး စာအုပ်ထုတ်ဝေမည့် အချိန်ကိုမူ အတည်မပြု နိုင်သေးပေ။