ကော့သောင်း မဲစာရင်းတွင် ဆီ အုန်းနှင့် ရော်ဘာခြံ ရွှေ့ပြောင်း လုပ်သားများ မပါသေး

0
551

ကော့သောင်းခရိုင် အခြေခံ မဲဆန္ဒ ရှင် စာရင်းပြုစုရာတွင် လက်ရှိ အချိန် အထိ ဆီအုန်း အလုပ်သမားများနှင့် ရော်ဘာခြံ အလုပ်သမားများ မပါ ဝင်သေးဟု ကော့သောင်းခရိုင် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
မေလ ၁၆ ရက်နေ့က စတင် ကောက်ယူသည့် ကော့သောင်း မဲဆန္ဒ ရှင် စာရင်းအတွက်  အိမ်ထောင်စု စာရင်းရှိသူများကိုသာ ကောက်ယူ ထားကြောင်း အထက်ပါ အဖွဲ့ခွဲက ရှင်းပြသည်။


” စစ်တမ်း ကောက်ယူနေတာက တော့   ၉၀ ရာခိုင်နှုန်း ပြီးနေပြီ၊  ဒီအထဲမှာတော့ ဆီအုန်း လုပ်သားတွေနဲ့ ရာဘာခြံ လုပ်သားတွေ မကောက် ရ သေးဘူး” ဟု ကော့သောင်း ခရိုင် ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ဆို သည်။ဆီအုန်း အလုပ်သမားများသည် ကော့သောင်းခရိုင်သို့ ရွှေ့ပြောင်း လာ ရောက် အလုပ်လုပ်ကိုင်သူများ ဖြစ် သည့်အတွက် အထောက်အထား အတိ အကျယူရန် အခက်အခဲ ရှိနေသည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် စာရင်း မကောက် ရသေးသော်လည်း အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများ မဲပေးခွင့် ရှိရေး အတွက် သီးသန့် စီစဉ်သွား မည်ဖြစ် ကြောင်း ကော့သောင်းခရိုင် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ဇွန်လ ၂၂ ရက်နေ့ မဲစာရင်း ကြေညာ ပြီးသည့်အခါ အလုပ်သမား စာရင်းကို သက်ဆိုင်ရာ ကုမ္ပဏီများတွင် တောင်းယူပြီး မဲပေးခွင့် ရရန် စီစဉ် သွားမည်ဟု ယင်းအဖွဲ့ခွဲက ပြောသည်။
ကော့သောင်း ခရိုင်အတွင်း ဆီ အုန်း ကုမ္ပဏီ ၇ ခု၏ လုပ်သား စုစုပေါင်း ၁၂၁၅၀ ဦး ခန့်ရှိပြီး ၎င်းတို့သည် အထက် မြန်မာပြည်မှ လာရောက် အလုပ်လုပ်ကိုင်သူ များ ဖြစ်သည်ဟု ကော့သောင်းမြို့နယ် စက်မှုသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနထံမှ သိရသည်။
” အလုပ်သမားတွေက ရွှေ့ပြောင်း အလုပ်ထွက် လုပ်နေတာ ဆိုတော့ အလုပ်သမား စာရင်းအတိအကျ ပြောဖို့ မဖြစ်နိုင်ဘူး” ဟု ယင်းဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။
ကော့သောင်းတွင် ဇွန်လ ၂၂  ရက်နေ့မှ စတင်ကာ ရက်ပေါင်း  ၁၄ ရက်တိတိ မဲစာရင်း ကြေညာထား မည် ဖြစ်သည်ဟု ခရိုင် ကော်မရှင်ရုံးက ဆိုသည်။လက်ရှိပြုစုပြီးနေသည့်  အခြေခံ မဲဆန္ဒရှင် စာရင်းတွင် ကော့သောင်းမြို့ နယ်အတွင်း ၆သောင်းခန့်နှင့် ဘုတ်ပြင်း မြို့နယ်အတွင်း   ၃ သောင်းခန့် စုစု ပေါင်း မဲပေးခွင့်ရှိသူ ဦးရေ ၉သောင်း နီးပါး  ရှိသည်ဟု သိရသည်။