မြေပြို မိသားစုများအတွက် မြေနေရာ အစားရှာပေးမည်

0
499

မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက် ဇွန်လ ၁၅ ၇က်နေ့ နံနက်က ကော့သောင်းမြို့နယ်၊ ပိတောက် ရွှေဝါ ရပ်ကွက် မြရည်ပုလဲလမ်းတွင် မြေပြို ကျပြီး နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများအတွက် သီးခြား မြေနေရာ အစားရှာပေးမည်ဟု တနင်္သာရီတိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာ ဝင်းအောင်က ပြောသည်။ တောင်ကုန်းပေါ်ရှိ မြေထိန်းနံရံ  ပြိုကျရာမှ တောင်အောက်ဘက်ရှိ လူနေ အိမ် ၂ လုံးနှင့် အပေါ်ဘက်ရှိ နေအိမ်တစ် လုံး ပျက်ဆီးဆုံးရှုံးခဲ့သည်။

myae-pyo
” ဒီနေရာက အရမ်းအန္တရာယ်များ တယ်၊ တောင်အထက်ဘက်လည်းဖြစ်၊ မြေကြီးကလည်း ပျော့ဆိုတော့ မိုးကြီးရင် မြေက ဆက်ပြိုနေအုံးမှာပဲ” ဟု ဝန်ကြီးက ပြောသည်။
ထို့ကြောင့် နေရာသစ်ရှာကာ အိမ် ဆောက်ပေးရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းစဉ် တောင် ပေါ်တွင် နေအိမ်ဆောက်ရန် ကာရံထား သည့် မြေထိန်းနံရံအား မိုးရေတိုက်စား ကာ အောက်မြေမှစပြီး ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း မြေပိ၍ နေအိမ်ဆုံးရှုံးခဲ့သည့် ဦးထွန်းငွေက ရှင်းပြသည်။
လွန်ခဲ့သည့် ၇ နှစ်ခန့်ကလည်း ယင်းနေရာတွင် မြေပြိုခဲ့ဖူးသည့်အတွက် နောက်ထပ် ထပ်ဖြစ်မည်ကို စိုးရိမ်သည် ဟု ဦးထွန်းငွေက ပြောသည်။
အဆိုပါ မြေပြိုမိသားစုများအတွက် မြေနေရာကို ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက် စသည့် ရပ်ကွက် များတွင် သင့်တော်သည့် မြေနေရာ ရှိနေ သည်ဟု ကော့သောင်း မြို့နယ်အုပ်ချုပ် ရေးရုံးမှ သိရသည်။
လက်ရှိတွင် အိမ်နီးနားချင်းများထံ တွင် ယာယီနေထိုင်နေပြီး သက် ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ ဆရာမများက ငွေကြေးနှင် အခြား ထောက်ပံ့ ပစ္စည်းများ ပံ့ပိုးထားသည်ဟု ဦးထွန်းငွေက ပြောသည်။
ယင်းမြေပြိုမှုကြောင့် အိမ်ထောင်စု ၃ ခုမှ မိသားစုဝင် ၁၈ ဦး ပျက်စီး ဆုံရှုံးမှု ကြုံရပြီး ယင်းအနက် အိမ် ထောင်စု ၂ ခု၊ မိသားစုဝင် ၁၁ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့သည်။