ကျူရှင်ကိစ္စ တိုင်ကြားသူရှိက အရေးယူမည်

0
423

နားလည်မှုဖြင့် ခွင့်ပြုထားသော် လည်း ကျူရှင် သင်ကြားခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားခံရပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာဝင်းအောင်က ဇွန်လ ၁၇ ရက်တွင် ကော့သောင်းမြို့ရှိ ဆရာဆရာမများနှင့် တွေ့ဆုံစဉ် ပြောသည်။


တရားဝင် မဟုတ်သော်လည်း နားလည်မှုဖြင့် သင်ကြား ခွင့်ပြု ထားသည့် အပေါ် ကျောင်းသား မိဘများက တစ်စုံတစ်ရာ မကျေနပ် သဖြင့် တိုင်ကြားလာပါက စိစစ် အရေးယူ သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
” ကိုယ့်ကျူရှင်မနေလို့ ကျောင်းသား တွေအပေါ် ခွဲခြားဆက်ဆံတာ၊ ဝန်ထမ်း အချင်းချင်း စိတ်သဘောထားကွဲတာ၊ ကျူရှင်ကို စီးပွား ဖြစ်သင်နေတာတွေကို ကြား နေရလို အခုလို ပြောရတာပါ” ဟု ဝန်ကြီးက ဆိုသည်။
ပြီးခဲ့သည့် ပညာသင်နှစ်က ကော့သောင်းမြို့ပေါ် ကျောင်း ၄ ကျောင်းသည် ကျူရှင်ကိစ္စနှင့် ပတ်သက် ပြီး ကျောင်းသား ကျောင်းသူများကို ခွဲခြား ဆက်ဆံသည်ဟူသည့် ကိစ္စ အပါအဝင် အခြားအချက်များဖြင့် ကျောင်းသားမိဘများက စုပေါင်း လက်မှတ်ထိုး တိုင်ကြားခဲ့ဖူးသည်။