အိန္ဒိယဆိုင်ကယ် မြိတ်ဈေးကွက် စဝင်

0
625

ထိုင်းနှင့် ဗီယက်နမ် နိုင်ငံထုတ် ဆိုင်ကယ် အများစု နေရာယူထားသည့် မြိတ်ဈေးကွက်အတွင်းသို့ ဇွန်လ အစောပိုင်းမှ စပြီး အိန္ဒိယနိုင်ငံထုတ် မော်တော်ဆိုင်ကယ်များ စတင် ဝင်ရောက် လာကြောင်း မော်တော်ယာဉ် အရောင်း ပြခန်းများထံမှ သိရသည်။


india-cycleTVS ကုမ္ပဏီမှ ထုတ်လုပ်သည့် ယင်းဆိုင်ကယ်များ မြိတ်ဈေးကွက်တွင် ဇွန်လ ၁၄ ရက်နေ့မှစတင် ရောင်းချခဲ့ပြီး ဆိုင်ကယ် အမျိုးအစားအလိုက် ကျပ် ၉ သိန်းကျော်မှ ၁၂ သိန်းအထိ အသီးသီး ရောင်းချပေးလျက်ရှိကြောင်း Andaman AL Co.,ltd. အရောင်းပြခန်းမှ အရောင်း တာဝန်ခံတစ်ဦးက ပြောသည်။