တိုင်းအတွင်း အခြေခံပညာကျောင်း ၁၅၀ နီးပါး အဆင့်မြှင့်

0
459

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းပေါင်း ၁၅၀ နီးပါး အဆင့် တိုးမြှင့်ခွင့်ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။


အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ)မှ အထက်တန်းကျောင်း သို့ ၃ ကျောင်း၊ အလယ်တန်းကျောင်းမှ အထက်တန်း ကျောင်း(ခွဲ)သို့ ၁၄ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းသို့ ၁၃ ကျောင်း၊ မူလတန်းလွန်ကျောင်းမှ အလယ်တန်း ကျောင်းခွဲသို့ ၂၁ ကျောင်း တို့ကို တိုးမြှင့်ခွင့်ရခဲ့ကြောင်း တိုင်းအစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဝင်း အောင်ထံမှ သိရသည်။

school_kw
၎င်းအပြင် အခြေခံပညာမူလတန်း ကျောင်းမှ မူလတန်းလွန်ကျောင်းသို့ ၂၈ ကျောင်း၊ မူလတန်းကျောင်း(ခွဲ)မှ မူလတန်းကျောင်းသို့ ၁၇ ကျောင်း၊ ကိုယ့်အားကိုယ်ကိုး အခြေခံပညာမူလ တန်းကျောင်းမှ မူလတန်းကျောင်းသို့ ၅ ကျောင်း၊ ကိုယ့်အားကိုယ်ကိုး အခြေခံ ပညာမူလတန်းကျောင်းမှ မူလတန်း ကျောင်း(ခွဲ) သို့ ၄၂ ကျောင်း တိုးမြှင့်ထား ကြောင်း ဝန်ကြီးထံမှ သိရသည်။
“ကျောင်းတွေ အဆင့်မြှင့်လိုက် တာနဲ့အမျှ လိုအပ်လာတဲ့ ဆရာ၊ ဆရာမ တွေကို ပညာရေးကောလိပ် ကျောင်းဆင်း တွေနဲ့ ဆွဲခန့်တွေခန့်ပြီး ဖြည့်ဆည်းမယ် ” ဟု ဝန်ကြီးဒေါက်တာ ဝင်းအောင်က ဆိုသည်။တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ပညာရေးနှစ်ကအခြေခံ ပညာအထက် တန်းကျောင်းပေါင်း ၅၃ ကျောင်းရှိခဲ့ပြီး ယခုနှစ်တွင် ၃ ကျောင်း အဆင့်မြှင့် လိုက် သည့်အတွက် အထက်တန်း ကျောင်းပေါင်း ၅၆ ကျောင်း ရှိလာပြီဖြစ်သည်။
၂၀၁၅ ခုနစ် မတ်လ ၃၁ ရက်နေ့ အထိ စာရင်းများအရ တနင်္သာရီတိုင်း အတွင်း ဘ.က ကျောင်းများအပါ အဝင် ကျောင်းပေါင်း ၁၃၀၄ ကျောင်း ရှိကြောင်း သိရသည်။