ပင္လယ္အိုၿပီ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကုန်းပေါ်မှာ အစိုးရက မြေ သိမ်း တာ၊ အချင်းချင်း မြေလုကြ တာတွေက အလွယ်တကူ သိတယ်။
မြန်မာပြည်ရဲ့ အကြီးဆုံး ပြဿနာ ပေါ့ဗျာ..။ လယ်သမားတွေ လယ်ပြန်ရဖို့ ထွန်တုံးတိုက်ပွဲ လုပ်ကြတယ်။ ဆန္ဒပြကြ တယ်။ အစိုးရ က အင်အားသုံး ဖြေရှင်း တယ်။ တရားစွဲပြီး ထောင်ချတယ်။ မီဒီယာတွေ ကလည်း အမြဲတမ်းရေးကြ တော့ လူသိများတယ်။

ပင်လယ်ထဲမှာ ရေပိုင်နက် သိမ်းလိုက်တာ..ခရိုနီကြီးတွေ လုပ်ချင်တိုင်း လုပ်သွားတာ.. ဘယ်သူမှ မသိ ကြဘူး။ ဒေသခံ ရေလုပ်သားတွေက ဆန္ဒလည်း မပြရဲဘူး။ ပြောလည်း မပြော ရဲတော့၊ ဘယ်သူမှ မသိကြဘူး။  ဘယ် မီဒီယာမှ လှေစီးပြီး မလာနိုင် ကြဘူး လေလို့ ကိုစိုးတစ်ယောက် ပင်လယ်ပြင် ကြီးကို သဘော့ဆိပ်ကမ်းခြေ ကနေ ထိုင်ကြည့်ရင်း ဆိုပါတယ်။
စိတ်ညစ်လို့ ကမ်းနား သွားထိုင်မှ သပွတ်အူမျော လာတယ် ဆိုသလိုဘဲ ထားဝယ်မြို့မှာ ပူလွန်းလို့ အေးချမ်း မလား ဆိုပြီး သဘော့ဆိပ်ဘက်ထွက် လာကာမှ အပြာရောင်ကောင်းကင် အောက်မှာ အပြာရောင် ပင်လယ် ကြီးဟာ ညီးညီးတောက်နေပါတယ်။ မနက်၁၀နာရီကျော် နေပူပူအောက်မှာ လှေထွက်ဖို့ ပြင်နေတဲ့ ရေလုပ်သား တွေဟာ ပရွက်အုံကို တုတ်နဲ့ဆွလိုက် သလို ပစ္စည်းတင်တဲ့သူတင်၊ ရေခဲတင်တဲ့ လှေတင်၊ အော်ကြဟစ်ကြနဲ့ အလုပ်ရှုပ် နေကြပါတယ်။
old-sea“လှေတွေ ပိတ်ထားတယ်မလား” လို့ မေးကြည့်တော့ ကမ်းနီးတွေ မပါဘူး။ ကမ်းဝေးတွေလည်း တစ်ဝက် ပြန်ထွက် ခွင့်ပေးလိုက်တယ်လို ကြားတယ်လို့ လှေပိုင်ရှင် ကိုလေးက ပြန်ဖြေတယ်။ ရေနွေးပူပူ တစ်ငုံကို မှုတ်သောက် လိုက်ပြီး တကယ်တော့ဗျာ မိုးရာသီလှေပိတ်တာ ရိုးရာဓလေ့ဗျ၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်က ဘယ်လှေမှ မိုးတွင်း မထွက်ကြဘူး။ မရှိ ရှိတာစားပြီးနေ တာဘဲ၊ နောက်ပိုင်းကြမှ အားလုံးပြောင်း လဲကုန်တာ၊ အခုတော့ ထိန်းရ သိမ်းရ ခက် ကုန်ပြီလေ၊ အစိုးရကလည်း အာဏာ သုံးပြီး တားဖို့ဘဲလုပ်တယ်။ ဘယ်လို ကူပြီး ဖြေရှင်းမယ်ဆိုတာ မရှိဘူး။ သူဋ္ဌေး ဆိုတာကလည်း ရသမျှ ယူချင်တာဘဲ၊ ဒီပြဿနာက ဖြေရှင်းဖို့ တော်တော် ခက်နေပြီလို့ ရေနွေးပူပူရဲ့ အငွေ့တွေ ကြားက ကိုလေးက ဆက်ပြော ပါတယ်။
သပိတ်ရောင်ထနေတဲ့ အသားရယ်၊ ရေလုပ်သားပီပီ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ၊ ကွမ်းစားလွန်းလို့ ရဲရဲနီနေတဲ့ နှုတ် ခမ်းနဲ့ ခပ်ထွေထွေ ထိုင်နေတဲ့ နောင် ထွန်းက လှေပိတ်စရာ မလိုပါဘူးဗျာ။ ရိုးရာဓလေ့ အတိုင်းသာ ဖမ်းစမ်းပါ၊ ဘယ်ရာသီမဆို ဖမ်းလို့ ရတယ်။ အခုတော့ဗျာ.. မုဆိုး စည်း..တံငါစည်း မရှိတော့ဘူး၊ နည်းပညာ တွေသုံးပြီး ဖမ်းတော့ ငါးမျိုး မတုံးဘဲ ခံနိုင်မလားလို့ တစ်လုံးချင်းဝင် ပြောပါတယ်။
နည်းနည်း ရှင်းပါအုံးလို့ မေးကြည့် တော့.. တံငါစည်းဆိုတာ ရိုးရာဓလေ့အရ ပင်လယ်ထဲကို သွားမယ်။ အသုံးပြု နေကျ ပိုက်ကိုသုံးပြီး ပင်လယ်ထဲချမယ်၊ ငါးဝင်တိုးရင်ယူမယ်၊ ဝင်မတိုးရင် မယူ ဘူး၊ ဘယ်တံငါမှ မကောက်ကျစ်ဘူး။ အခုတော့ ဆိုနာတွေ သုံးတယ်။ ငါးအုပ် ကို လိုက်တယ်။ ပိုက်ကလည်း ဂတ်မီးခြစ် လှေနောက်ပစ် ချလိုက်ရင် တောင် ပြန်ပါလာတယ်။ အခုနောက်ဆုံး မီးထွန်းလှေတွေ လုပ်ကြတယ်။ ညဘက် မှာ လှေတစ်စင်းက အဏုမြူ မီးလုံးတွေ ထွန်းပြီး ငါးကို မြူတယ်။ တက်လာတဲ့ ငါးကို မလွတ်တမ်း ကျန်လှေတွေက ဖမ်းတယ်၊ အရင်က ကျောက်ပုံတွေမှာ ငါးအောင်းနိုင်ပေမယ့် အခုတော့ ကျောက်ပုံတွေနားမှာ မီးထွန်းပြီးပိုက် ဝိုင်းလို့ ဘာငါးမှမရှိ သလောက်ဖြစ် နေပြီ။ ဒီနည်းအတိုင်း ၁ နှစ် ဖမ်းရင် ၁၀ နှစ်စာ ငါးကုန်မယ်။ ၁၀ နှစ် ဖမ်းခဲ့ရင် နှစ် ၁၀၀ ငါးပျောက်မယ်။ ရှမ်း (ထိုင်း)လို ဖြစ်သွားမယ်။ လှေပိတ် စရာမ လိုပါဘူးဗျာ။ ငါးမျိုးတုံးမယ့် နည်းတွေနဲ့ ငါးဖမ်းနေတာကိုဘဲ အရင် ပိတ် စမ်းပါလို့ ပြောပြီး ကွပ်ပျစ်ပေါ်က ဆင်း ချလိုက်တယ်။ ကျွန်တော်ကို တစ်ချက် ပြန်လှည့်ကြည့်ပြီး မီးထွန်းလှေ ဘယ်လောက်ပေါတယ်ဆိုတာ ညအိပ်ပြီး စောင့်ကြည့်သွားပါလား။ ထားဝယ်မြို့ ပေါ်က ပွဲတွေ ထက်တောင် စည်သေး တယ်လို့ပြောရင်း သူ့လှေ ရှိရာကို နေပူပူထဲ တိုးဝင်သွားပါတယ်။
သူပြောတာကို ထပ်ဖြည့်ပြော ချင်သေးတယ်ကွ။ အခု နောက်ပိုင်း လှေတွေမှာ အသုံးများတဲ့ အဏုမြူပိုက် ဆိုတာ ရှိသေးတယ်။ ဒီပိုက်ကလည်း ငါးမျိုး တုန်းစေတာပဲ၊ ပိုက်ကွက်တွေက လည်း စိပ်ကုန်ပြီ။ ပိုက်ကွက် ဘယ် လောက် စိပ်လဲ သိချင်ရင် မြိတ်မှာရှိတဲ့ ပါကင် ငါးလုပ်ငန်းကို သွားကြည့်ကွာ၊ အခုဆိုရင် ရေကြည်ငါးတောင် အထိအမိ အရမ်းနည်းသွားပြီလို့ အရီးအေးက ဝင်ပြောပါတယ်။
ကျွန်တော် နားမလည်လို့ပါဗျာ။  တစ်ခုလောက် မေးချင်ပါတယ်လို့ ဝင်ပြောတာက သားကန်းငယ်ဆိုတဲ့ ကောင်လေးပါ။ ၁၅ နှစ်လောက်ဘဲ ရှိ သေးပေမယ့် ၉ တန်းနဲ့ ကျောင်း ထွက်ပြီး ရေလုပ်သားအဖြစ် လုပ်ကိုင် နေသူပါ။ ဘာလို့ ငါးမန်းတို့၊ ရေဝက်တို့လောက်ဘဲ ထိန်းသိမ်းရေးတွေ၊ ကာကွယ်ရေးတွေ လုပ်နေတာလဲ.. လူတွေ အဓိက စားနေတဲ့ ငါးမဲလုံးတို့၊ ငါးသလောက်တို့၊ ပလာတူး တို့လို  ငါးတွေ၊ ပုဇွန်တွေကိုကော မထိန်းသိမ်း တော့ဘူးလားတဲ့။
သူ့မေးခွန်းကို ကျွန်တော် ပြန်မဖြေ နိုင်ပါဘူး။
ဒါနဲ့ ဘာလို့ ကျောင်းမတက်ဘဲ လှေလိုက်နေလဲ မေးကြည့်တော့ ပညာရေး ကို စိတ်မဝင်စားဘူးတဲ့။ လှေလိုက်ရင် အနည်းဆုံး စားဖို့တော့ ရတယ်။ ငါးမိတဲ့ အခေါက်ဆိုရင် အပို ရတယ်။ ငွေရနေလို့ အိမ်လည်း ထောက်ပံ့နိုင်တယ်။ ကိုယ် သုံးချင် ရာလည်း သုံးလို့ရတယ်လို့ ဖြေပါတယ်။ ပင်လယ်ပြင်ကို ဖြတ်တိုက်လာ တဲ့ လေဟာ ပူစပ်ပူလောင်နိုင်လှပါတယ်။
Daily Eleven သတင်းစာ ၂၀၁၅ ခုနှစ် မေလ၂၂ရက် (ဇော်မိုးဦး- မြိတ်)ရဲ့ သတင်းမှာ ကမ်းဝေးငါးဖမ်း ရေယာဉ် ၇၆၁ စင်း၊ ဒေသခံ ကမ်းဝေး ၄၇၇ စင်း၊ ကမ်းနီး ၈၇၀၇ စင်းဟာ တနင်္သာရီ ကမ်းရိုးတန်းဒေသမှာ ရေလုပ်ငန်း လုပ်ကိုင်နေရတယ်လို့တွေ့ ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစာရင်းက တရားဝင်စာရင်းဖြစ်ပါ လိမ်မယ်။ သဘော့ဆိပ်-ပန်းတင်အင်းဒေသမှာ ကမ်းနီးလှေ အစင်း ၅၀၀ လောက်ရှိတယ် လို့ သိရတယ်။ ဒေသခံတွေ ပါသလို မွန်ပြည်နယ်ရေးဘက်ရော၊ ပုလောဘက် က လှေတွေရော ပါတယ်လို့ ဆိုတယ်။
သက်ပြင်းချရင်း မနည်းပါလားလို့ ညည်းမိတော့ ရေလုပ်ငန်းဆိုတာ သိပ်ကြီး ကျယ်တယ်။ ငါ့တူရဲ့လို့ ပိုက်ဖာတာကို ရပ်ပြီး ပင်လယ်ပြင်ကို ငေးကာ ပြောလိုက်ပါတယ်။ ရေလုပ်ငန်း ဆိုတာ လုပ်ငန်းတစ်ခုတည်း မဟုတ်ဘူး။ သူနဲ့ ဆက်စပ်ပတ် သက်နေတာတွေက အများကြီး။  မှီခိုနေကြတဲ့ သူတွေလည်း အများ ကြီးပါ။ စဉ်းစားကြည့်ရအောင် လို့ ပြောရင်း သဲပြင်ပေါ်ထိုင်ကာ ပိုက်ဖာ နေရင်းက ကွပ်ပျစ်ပေါ်တက်လာပါတယ်။
ဟိုးလှေတစ်စင်းကိုကြည့်.. ထား ဝယ်ရိုးရာ ဘုတ်မလှေလေးပါ။ အထင် မသေးနဲ့ အိန္ဒိယအထိ ရောက်တယ်။ အရင်ကဆိုရင် သံတစ်ချက် မရိုက်ဘူး၊ ရွက်တိုင်တွေရှိတုန်း၊ အခုချိန်ပြောရရင် အငယ်ဆုံး လှေပေါ့လေ။ ဒီလှေတစ်စီးကို စတော်မယ် (လှေစဆောက်မယ်) ဆိုရင် ပထမဆုံး သစ်လိုပြီ။ ဒါကြောင့် သစ် လုပ်ငန်းနဲ့ စတယ်။ သစ်ရရင် လက် သမားလုပ်ငန်း စတယ်။ ဒီဘုတ်မ လှေတစ်စီးအတွက် သစ်ဖိုးနဲ့ လက်ခ အနည်းဆုံး ၁၀ သိန်းလိုတယ်။ ဒါ တောင်အခု သစ်ကောင်းရဖို့ ခက်နေပြီ.. လှေတစ်စီး ၃ နှစ်လောက်ဘဲ ကောင်း ကောင်း ရတော့တယ်။
လှေဆောက်ပြီးရင် စက်နဲ့ပိုက်ဖိုး ၁၀ သိန်းလောက် လိုတယ်။ လှေသမား ၃ ယောက်ကနေ ၅ လောက်အထိရှိ တယ်။ လှေအသစ်ဆိုရင် ပရိတ်ရွတ် ရတယ်။ မဲရှင်မတင်ရတယ်။ ဒါကြောင့်မို့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေးနဲ့ လည်း ဆိုင်တယ်။ အုန်းသီး၊ ငှက်ပျောသီး၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပေါင်းဖြူ၊ ပေါင်းနီရောင်း သူတွေနဲ့လည်း ဆိုင်တယ်။ ခဲသီး၊ ဖော့၊ အလံနီ အလံဖြူ၊ ငါးပုံး၊ ရေခဲ၊ ကြိုး စတာတွေနဲ့ လည်း ဆိုင်တယ်။ စွမ်းအင်အတွက် ဒီဇယ်၊ ဓါတ်ဆီ လိုတယ်။
နေပူပူ၊ မိုးရွာရွာ ပင်လယ်ထဲမှာ အသက်နဲ့ ရင်းပြီး ရေလုပ်ငန်း လုပ်တယ်။ ဖမ်းလို့ရတဲ့ ငါး၊ ပုဇွန်၊ ကင်းမွန်ကို ဒိုင်မှာ ရောင်းတယ်။ ဒေသခံ ဒိုင်ကနေ ရန်ကုန်၊ ရှမ်း(ထိုင်း)ကိုဆက်ပြီး ရောင်းတယ်။ ဒေသမှာ စားဖို့ ထားဝယ်နဲ့ အခြား နေရာတွေကို လက်လီ ရောင်းတယ်။ ရန်ကုန်တို့၊ ဘိတ်တို့၊ ရှမ်းတို့မှာဆိုရင် အအေးခန်း စက်ရုံ ကြီးတွေ လုပ်ပြီး နိုင်ငံခြား ဆက်ပို့တယ်။ ဒီလုပ်ငန်းနဲ့ ဆက်နွယ် နေတဲ့ လုပ်ငန်းက အများကြီးပါ။ ဒီလုပ် ငန်းကြီး ပျက်စီးသွားခဲ့ရင် ဖြစ်လာမယ့် ပြဿနာက အတော်ကြီး တယ်ကွာလို့ ရှည်ရှည်ဝေးဝေ ;ရှင်းပြပါတယ်။
ဒေသခံ လူမှုရေး အဖွဲ့အစည်း တစ်ခုက တက်ကြွလှုပ်ရှားသူ လူငယ် လေး တစ်ဦးကလည်း ငါးမိုင်းခွဲတာတွေ၊ ကမ်းနီးက ကမ်းဝေး ဝင်ပြီး ငါးဖမ်းတာ တွေ၊ တရွတ်ဆွဲ ငါးဖမ်းနည်းတွေ၊ ကျန်ကျောင်း-ဘုံကျောင်း ငါးဖမ်းလှေ တွေ အများကြီး ရှိသေးတယ်။ ပြီးခဲ့တဲ့ နှစ်က နိုင်ငံခြားက ပညာရှင်တွေ သုတေသနလုပ်တော့ ၁၉၈၀ ကျော် တုန်းက ဖမ်းနိုင်တဲ့ ငါးပမာဏရဲ့ ၉၀ ရာခိုင်နှုန်း မရှိတော့ဘူးလို့ ပြောပါ တယ်။
ဆက်ပြီးတော့လည်း အခု ပင် လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ် ကွက်တွေ ချပေးနေတယ်။ ဒီလုပ်ကွက် တွေကြောင့် ငါးဖမ်း နယ်မြေကျဉ်း သွားပြန်တယ်။ ထားဝယ်မှာ အဓိက ပြဿနာက ရေနက်ဆိပ်ကမ်း စီမံကိန်းရှိ တယ်။ မြေလျော်ကြေးအတွက် ဆောင် ရွက်တာတွေ ရှိပေမယ့် ရေလုပ်သားတွေ အတွက် ဘယ်လိုလုပ်ပေးမယ် ဆိုတာ ဘယ်သူမှ မပြောဘူး။ ဘဝါ၊ ကျောက်ထရံ၊ ပန်းတင်အင်း၊ စမ်းလှမ်း၊ တီဇစ်၊ ပညစ်၊ ညောဗျင်က ကမ်းနီး လှေတွေ အဓိက တွေ့ကြုံရမယ်။ သင်္ဘောကြီးတွေ ဝင်ထွက်ကြမှာမို့  ကန့်သတ်နယ်မြေ လုပ်မှာဘဲ၊ ငါး လည်းနေမှာ မဟုတ်ဘူး၊ ဘယ်ရေ လုပ်သားမှလည်း ကြိုမတွေးဘူး။အစိုး ရနဲ့  သက်ဆိုင်ရာ ဌာနတွေကလည်း ဘာမှကြိုမပြောဘူးလို့ ပြောပါတယ်။
အရှိန်ဟုန် ပြင်းပြင်းနဲ့ အစွမ်းပြ ခဲ့တဲ့ နေမင်းဟာ အနောက်ဘက် ပင် လယ်ထဲကို ငုပ်ဆင်းဖို့ ပြင်နေပါပြီ။ လူတော်တော် များများက နေဝင်ချိန် သိပ်လှတယ်လို့ ဓာတ်ပုံရိုက် မှတ်တမ်းတင်ကြ၊ အလှအပခံ စား တာတွေလုပ် ကြပေမယ့် ကျွန်တော် တွေ့နေရတဲ့ နေမင်းကြီး ကတော့ ပင်လယ်ထဲ ခုန်ဆင်းပြီး ကျိုက်ကျိုက် ဆူအောင် လောင်မြိုက်တော့မယ်လို့ ထင်နေမိ တယ်။
အရီးအဖေက ပြောဖူးတယ်။ ပင်လယ်ဆိုတာ ဘယ်တော့မှမအိုဘူးတဲ့၊ ကြိုက်တဲ့အချိန်ရှာစားလို့ရတယ်။
အခု တော့ ပင်လယ်အိုနေပြီကွာလို့.. အသက် ၇၀ကျော် ပင်လယ်လုပ်သားကြီး အရီး အေးက ဆွေးမြေ့စွာ ပြောလိုက် ပါတယ်။