မြိတ်တွင် စိတ်ကြွဆေးပြား လေးထောင်နီးပါး ဖမ်းမိ

0
517

မြိတ် – တနင်္သာရီလမ်းမကြီးပေါ်ရှိ ပသောင်း တံတားတွင် ဇွန်လ ၁၅ ရက်နေ့က ယာဉ်များကို စစ်ဆေး ရှာဖွေရာ မော်တော်ဆိုင်ကယ် ၂ စီးမှ စိတ်ကြွဆေးပြား ၄ ထောင် နီးပါး ဖမ်းဆီး ရမိခဲ့ကြောင်း တောင်ရှည် ရဲခန်းထံမှ သိရှိရသည်။


တနင်္သာရီမြို့နယ်မှ မြိတ်မြို့ ဘက်သို့ မောင်းလာသည့် ဆိုင်ကယ် တစ်စီးတွင် စိတ်ကြွဆေးပြား ၁၂၆၀ ပြားနှင့် အလားတူ နောက်တစ်စီးတွင် ၂၈၆၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် ယင်းစိတ်ကြွ ဆေးပြား များကို ကိုယ်တိုင်သုံးစွဲရန်နှင့် ရောင်းချ ရန် လက်ဝယ်ထားရှိသူ နှစ်ဦးကို တောင်ရှည်ရဲစခန်းမှ မူးစိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၁ အရ အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။