တိုင်းအတွင်း လက်ကျန် လယ်ယာမြေ ပြဿနာများ နှစ်မကုန်မီ ဖြေရှင်းမည်

0
566

တနင်္သာရီတိုင်းဒေသကြီးအတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး ဖြေရှင်းပေးရန် တိုင်ကြား ထားသည့် အမှုများအနက် လက်ကျန် အမှု ၄၀ ကို ယခုနှစ် မကုန်မီ ဖြေရှင်း မည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြေအသုံးချမူ ကော်မတီ အတွင်းရေးမှူး ၊ တိုင်းလယ်ယာမြေ စီမံခန့်ခွဲမူနှင့် စာရင်းအင်း ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသိန်းကျော်က ပြောသည်။


ဇွန်လ ၁၀ ရက်နေ့က ကော့ သောင်း မြို့နယ် အုပ်ချူပ်ရေးရုံးတွင် တောင်သူ လယ်သမားများနှင့် တိုင်း မြေအသုံးချမူ ကော်မတီ တွေ့ဆုံစဉ် ယင်းသို့ ပြောခဲ့ သည်။တိုင်းအတွင်း လယ်ယာမြေများ သိမ်းဆည်းခံရမူကြောင့် ပြည် သူများ နစ်နာမူ မရှိရေး အတွက် စုံစမ်းရေး ကော်မရှင်မှ ပေးပို့သော တိုင်ကြားစာများ၊ ဗဟိုမြေ အသုံးချမှု ကော်မတီမှ လွှဲပြောင်း ပေးပို့လာသည့် တိုင်ကြားစာပေါင်း  ၃၃၀ ခု အနက် ၂၉၀ ခု ကို ဖြေရှင်းပေးခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အမြန်ဆုံး ဖြေရှင်းပေးသည့်အပြင် အမှန်ဆုံး ဖြစ်ရန်လည်း အရေးကြီး ကြောင်း ကော့သောင်း ဒေသအတွင်း မြေယာအရေး လှုပ်ရှားနေသည့် နိုင်ငံရေး ပါတီတချို့က ထောက်ပြ ပြောဆိုသည်။
” ကုမ္ပဏီနဲ့ ဒေသခံ တောင်သူ တွေရဲ့ ပြဿ        နာ၊ လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေရဲ့ ပြဿနာ ၊ မြေယာ ပိုင်ဆိုင်မူ အငြင်းပွား ပြဿ  နာတွေကို ဖြေရှင်းနိုင်မူ အားနည်းနေသေးတယ်” ဟု ကော့သောင်းမြို့ခံ မြေယာအရေး လှုပ်ရှားသူ ဦးအောင်ဝင်း ဝေဖန်သည်။