မြိတ် – မောတောင် ယာဉ်လိုင်းများ ယခုနှစ် မိုးရာသီ ပုံမှန်ပြေးဆွဲမည်

0
504

မြိတ်မြို့မှ တနင်္သာရီမြို့နယ်ရှိ ထိုင်း – မြန်မာ နယ်စပ်စခန်းဖြစ်သည့် မောတောင်ဒေသသို့ ယခုနှစ် မိုးရာ သီတွင် မော်တော်ယာဉ် လိုင်းများ ပုံမှန် ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းယာဉ်လိုင်း အသိုင်းအဝိုင်းမှ သိရသည်။


ပြီးခဲ့သည့် နှစ်အထိ တနင်္သာရီ – မောတောင်လမ်းပိုင်းရှိ ချောင်းနှစ်ပေါက် တံတားသစ်မပြီးသေးသည့်အပြင် လမ်းပိုင်းတချို့မှာလည်း မြေသားလမ်း သာဖြစ်သည့်အတွက် မိုးရာသီတွင် ကားဘီးများ ကျွံ၍ ယာဉ်လိုင်းတချို့ ရပ်နားခဲ့သည်။
ယခုနှစ်တွင် တနင်္သာရီမြို့နယ် သမုတ်ချုံရွာအနီးတွင် တောင်မြေတချို့ ဖြိုချထားသည်မှအပ ကျန်နေရာများတွင် လမ်းကောင်း နေသည့်အတွက် ပုံမှန် ပြေးဆွဲမည်ဖြစ်ကြောင်း မြိတ် – မော တောင် လူစီးသီးသန့်ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးသန်းဇော်က ပြော သည်။
” မြိတ်-မောတောင်လမ်းက မြိတ်-ဘုတ်ပြင်းလမ်းထက် ပိုကောင်းပါတယ်၊ ဘုတ်ပြင်းတောင် သွားနေတာ မောတောင်ကိုလည်း ပြေးဆွဲပါမယ်” ဟု မြတ်ရတနာယာဉ်လိုင်း ပိုင်ရှင်က ပြောသည်။
ယာဉ်လိုင်းအများစုက ပုံ မှန်ပြေးဆွဲမည်ဖြစ်သော်လည်း  မြိတ် တံခွန်ယာဉ်လိုင်းကမူ မိုးသည်းပါက လမ်းအခြေအနေအပေါ် မူတည်ကာ ခရီးစဉ် ရပ်နားမည်ဖြစ်ကြောင်း ယင်း ယာဉ်လိုင်း ဂိတ်မှူး ဦးသက်ကိုက ပြောသည်။
မြိတ်မှ မောတောင်သို့ မှန်လုံ ယာဉ် ၃ လိုင်းနှင့် လူ ၁၂ ဦးမှ ၁၅ အထိ စီးနိုင်သည့် စူပါကာစတန်ကဲ့သို့ ကားငယ်များဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်း ၆ လိုင်း ရှိကြောင်း သိရသည်။