ယုဇန ဆီအုန်းကုမ္ပဏီကို ဒေသခံ တောင်သူများ ဆန္ဒပြ

0
470

ကော့သောင်းခရိုင်၊ ခမောက်ကြီး မြို့နယ်ရှိ ယုဇနဆီ အုန်းကုမ္ပဏီကို ဒေသခံတောင်သူများက ဇွန်လ ၁၈ ရက်နေ့တွင် စုပေါင်း ဆန္ဒပြခဲ့ကြသည်။ ယုဇနဆီကုမ္ပဏီပိုင် မြေဧရိယာ အတွင်း ကျူးကျော်သည်ဟု စွပ်စွဲကာ ဒေသခံ တောင်သူများ တနိုင်တပိုင် စိုက်ပျိုး လုပ်ကိုင်နေသည့်  ဥယျာဉ်ခြံ များအတွင်း မြေထိုးစက်ဖြင့် ဖျက်ဆီး ခြင်း၊ အပင်များ နုတ်ပစ်ခြင်း ပြုလုပ် နေခြင်း အပေါ် သက်ဆိုင်ရာ တာဝန်ရှိ သူများသိရှိရန် ယင်းသို့ ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။


ခြံများကို ဖျက်ဆီးမှု မပြုလုပ်ရေး၊ မြေလွတ်များတွင် ဥယျာဉ်ခြံ စိုက်ပျိုး ခွင့် ရရှိရေး၊ ဒေသအတွင်း လူမူဘ၀ ဖွံ့ဖြိုးတိုးတက်မူ အခွင့်အလမ်း ရရှိရေး စသည့် ကြွေးကြော်သံများဖြင့်   ခမောက်ကြီးမြို့နယ် ဆေးရုံရှေ့မှ ယုဇန ဆီအုန်း ကုမ္ပဏီ တည်ရှိရာ ၃၈ မိုင်အထိ လူအင်အား တစ်ရာခန့် ချီတက် ဆန္ဒ ပြခဲ့သည်။

si-ow
ဆီအုန်းပင် မစိုက်ဘဲ ပစ်ထား သည့် မြေကွက်လပ်များတွင် ဒေသခံ များက ဝင်ရောက် စိုက်ပျိုး ထား သည်ကို ဆီအုန်း စိုက်မည်နေရာဟုဆိုကာ အသိမပေးဘဲ ဝင်ရောက် ဖျက်ဆီးခဲ့ သည်ဟု အပင်များ ဖျက်ဆီးခံရသည့် ဦးခိုင်သာဇံက ရှင်းပြသည်။
” ယုဇနပိုင်တဲ့ မြေဧရိယာဆိုတာ လက်ခံ ပါတယ်။ အပင်မစိုက်ဘဲ မြေတွေ အများကြီး ယူထားမယ့်အစား ဆင်းရဲသား တောင်သူတွေလည်း တနိုင်တပိုင် လုပ်ကိုင်စားသောက်ဖို့ အခွင့်အရေး အစိုးရက လုပ်ပေးသင့် တယ်” ဟု ဆန္ဒပြရာတွင် ဦး ဆောင်ခဲ့ သည့် ဦးသိန်းအောင်က ဆို သည်။
ယုဇနဆီအုန်းကုမ္ပဏီမှ ဆီအုန်း စိုက်ပျိုးရန်ဟုဆိုကာ ယူထားသည့် မြေဧက ၂သိန်းနီးပါး ရှိသည်ဟု ကော့သောင်းမြို့ခံ မြေယာအရေး လူပ် ရှား ဆောင်ရွက်နေသည့် အသိုင်းအဝိုင်း ထံမှ သိရသည်။