ခရုတစ်မျိုး စားမိရာမှ မြိတ်တွင် ရွာလုံးကျွတ်နီးပါး အစာအဆိပ်သင့်

0
511
လူနာများကို မြိတ်ဆေးရုံသို့ တင်ပို့လာစဉ်။ ဓာတ်ပုံ - ဇော်ဇော်

မြိတ်မြို့နယ် စန္ဒာဝတ် ကျေးရွာ အုပ်စု ရေမြစ်ကြီးကျေးရွာတွင် ဒေသ အခေါ် ခရင်းဟုခေါ်သည့် ခရု/ကမာ တစ်မျိုး ကို စားမိရာမှ ရွာလုံးကျွတ်နီးပါး အစာအဆိပ်သင့် ခဲ့ကြောင်း ယင်းကျေး ရွာသူရွာသားများထံမှ သိရသည်။


ဇွန်လ ၁၄ ရက်နေ့ နံနက် ပိုင်းက ကျောက်ဖျာကျေးရွာ၊ သမုတ်ကမ်းမှ အမျိုးသမီးတစ်ဦး လာရောက် ရောင်းချ သည့် ခရု/ကမာ

လူနာများကို မြိတ်ဆေးရုံသို့ တင်ပို့လာစဉ်။ဓာတ်ပုံ - ဇော်ဇော်
လူနာများကို မြိတ်ဆေးရုံသို့ တင်ပို့လာစဉ်။ ဓာတ်ပုံ – ဇော်ဇော်

(အကောင်သေး) ဒေသ အခေါ် ခရင်းကို လာရောင်းချသည်ကို ရွာ အရှေ့ခြမ်းနှင့် အနောက်ခြမ်းမှ ရွာသူရွာသားများ ဝယ်ယူ စားသုံးမိရာမှ ယင်းသို့ အစာအဆိပ်သင့်ခြင်းဖြစ်ကြောင်း စန္ဒဝတ်ကျေးရွာမှ ဦးဝင်းနိုင်က ပြောသည်။
ယင်းခရုများကို စားပြီးနောက် ဇွန်လ ၁၅ ရက်နေ့တွင် တစ်ဦး၊ နှစ်ဦး ခန့် မူးဝေအော့အန်ကာ ခြေလက်များ နာကျင်ကိုက်ခဲလာပြီး တဖြည်းဖြည်း ရာဂါဖြစ်ပွားသူ များလာသဖြင့် ဇွန် လ ၁၆ ရက်နေ့ ညနေတွင် မြိတ်ပြည်သူ့ ဆေးရုံသို့ အရေးပေါ် တက်ရောက်ကုသခဲ့ရ ကြောင်း ယင်းရွာ သူရွာသား များထံမှ သိရသည်။
” ဖြစ်ဖြစ်ချင်းတော့ သာမန် ဝမ်း ရောဂါပဲလို့ ထင်ပြီး ရွာမှာရှိတဲ့ ဆရာဝန်တွေနဲ့ပြတယ်၊ နောက်တော့ လူတွေက များလာတော့ ဆရာဝန်က မနိုင်တော့ မြိတ် ပြည်သူ့ ဆေးရုံကို အမြန်ဆုံးပို့ဖို့ စီစဉ်ခဲ့တာပါ”  ဟု လူနာများကို အရေးပေါ်တင်ဆောင်လာသူ ကား ဆရာ ဦးထွန်းဝေက ရှင်းပြသည်။အစာအဆိပ်သင့်၍ မြိတ် ပြည်သူ့ ဆေးရုံသို့ တက်ရောက် ကုသသူ ဇွန်လ ၁၇ ရက်နေ့ စာရင်းအရ စုစုပေါင်း ၇၄ ဦးရှိကြောင်း မြိတ်ဆေးရုံအုပ် ဒေါက်တာသန္တာမျိုးဝင်းက ပြောကြား သည်။
” အစာအဆိပ့်သင့် ဖြစ်တာက အစိမ်းသက်သက် စားတာရယ်၊ နောက် သုတ်စားလို့ အများဆုံး ဖြစ်တယ်” ဟု ၎င်းက ထပ်မံ ရှင်းပြသည်။
ယင်းခရုများတွင် တာရှည် အထား ခံနိုင်သည့် ဆေးအသုံးပြု ထားသည့် အတွက် သမုတ်ကျေးရွာတွင် မည်သူမှ မဝယ်စားကြသည့်အတွက် အခြားကျေးရွာ များတွင် သွားရောက် ရောင်းချလေ့ရှိ ကြောင်း သမုတ်ကျေးရွာသူတစ်ဦးက ပြောပြသည်။
ယင်းသို့ အစာအဆိပ် သင့်မှုဖြစ် သည့် ကျေးရွာသို့မြိတ် ပြည်သူ့ ဆေးရုံ ကြီးမှ မြို့နယ် ကျန်းမာရေးအဖွဲ့မှ ကွင်းဆင်းသွားရောက် ကုသပေးလျက်ရှိ ကြောင်း သိရသည်။