မလိဝမ်း အထက်တန်းကျောင်း မြေယာပိုင်ဆိုင်မှု မရှိဟုဆိုကာ ကျောင်းပြင်ဆင်စရိတ် မချပေး

0
446

ကော့သောင်းမြို့နယ် မလိဝမ်း ကျေးရွာ၊ မလိဝမ်း အထက်တန်းကျောင်း ပြင်ဆင်စရိတ် လျှောက်ထားသော်လည်း ကျောင်းမြေဖြစ်ကြောင်း အထောက် အထား မပြနိုင်၍ တိုင်းအစိုးရအဖွဲ့မှ ပြင်ဆင်စရိတ် မချပေးဟု ယင်း ကျောင်းအုပ် ဆရာမကြီးက တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် တွေ့ဆုံစဉ် ပြောသည်။


အဆိုပါ အထက်တန်းကျောင်းတွင် ကျောင်းဆောင် ၃ ဆောင်ရှိသော်လည်း အားလုံး ပျက်စီး ယိုယွင်းနေသောကြောင့် ကျောင်းသူကျောင်းသားများ အန္တရာယ် ဖြစ်နိုင်သည့် အခြေအနေအား တင်ပြကာ တိုင်းပညာရေးမှူးမှ တဆင့် တိုင်း အစိုးရထံ ပြင်ဆင်စရိတ် တောင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။ အဆောင် ၁ တွင် တန်းများ ကျိုး နေသဖြင့် တဖက်တချက် ကြိုးဖြင့် ချည် ထားရပြီး အဆောင် ၂ ကျောင်းဆောင် အောက်ခြေပိုင်း ဆွေးမြေ့ ပြတ်ကျနေ သည့်အတွက် အန္တရာယ်များသည့် အခြေအနေ ဖြစ်ကြောင်း၊ အဆောင် ၃တွင် လည်း မျက်နှာကျက်နှင့် အမိုး ကာများ ပျက်စီးနေကြောင်း ကျောင်း အုပ်ဆရာမကြီး ဒေါ်တင်နုကြည်က ရှင်းပြသည်။
“နေ့တိုင်း ကလေးတွေအတွက် စိုးရိမ်မိပါတယ်။ ကိုယ်အုပ်ချုပ်နေတဲ့ ကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသားတိုင်း စိတ်ချလက်ချနဲ့ လုံခြုံမှုလေး ရစေချင်လို့” ဟု ဆရာ မကြီးက ဆိုသည်။လက်ရှိ ကျောင်းမြေ ဧရိယာသည် စားကျက်မြေ ဖြစ်နေခြင်း၊ မြေယာ ပိုင်ဆိုင်မှု အထောက်အထားကို မြေ စာရင်းက မပြုလုပ်ပေးခြင်းကြောင့် ပြင်ဆင်စရိတ် လျှောက်၍ မရဖြစ် နေသည်ဟု ဆရာမကြီးက ပြောသည်။
ယင်းတွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် က တစ်ပတ်အတွင် မြေယာ အထောက်အထားရရန် ဆောင်ရွက် ပေးမည်ဖြစ်ပြီး ကျောင်းအသစ် ဆောက် လုပ်ရန်လည်း စီစဉ်မည်ဟု ပြောခဲ့သည်။
ယင်းသို့ မြေယာ ပိုင်ဆိုင်မှု မရသ ဖြင့် ပြင်ဆင်စရိတ်မရဖြစ် နေသည်ကို ၎င်းအနေဖြင့် မသိကြောင်း ဝန်ကြီးချုပ် က ပြောသည်။
မလိဝမ်း အထက်တန်းကျောင်း သည် သက်တမ်း ၂၀ နီးပါးရှိပြီဖြစ်ပြီး ကျောင်းဆောင် ပြင်ဆင်စရိတ်ကို ယခင်ကျောင်း အုပ်လက်ထက်ကတည်း က တင်ပြခဲ့သော်လည်း ယနေ့အချိန် အထိ မရသေးခြင်းဖြစ်သည်ဟု သိရ သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေး ဝန်ထမ်းများနှင့် မြို့မိမြို့ဖများသည် ဇွန်လ ၁၇ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေး ရုံးရှိ ဟံသာဝတီခန်းမတွင် တွေ့ဆုံခဲ့ သည်။