တိုင်းအားကစားကွင်းကို ပြိုင်ပွဲအတွက်သာ သုံးမည်

0
604
ဓါတ်ပုံ -အောင်သူ

ယခင်က လေ့ကျင့်ရေးနှင့် ပြိုင်ပွဲများ အတွက် အသုံးပြုခဲ့သည့် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်းကို ပြိုင်ပွဲအတွက် သာ အသုံးပြုတော့ မည်ဖြစ်ကြောင်း တိုင်း ဒေသကြီး အားကစားနှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။


တိုင်းအားကစားကွင်းကို အဆင့်မီ ဘောလုံးကွင်းဖြစ်စေရန် လက်ရှိတွင် ကွင်းကိုပိတ်ကာ ပြုပြင် တည်ဆောက်မှု များကို အဆင့်လိုက်

ဓါတ်ပုံ -အောင်သူ
ဓါတ်ပုံ -အောင်သူ

လုပ်ဆောင်နေပြီး လေ့ကျင့်ရေးနှင့် အပျော်တမ်း အားကစား သမားများကို ကွင်းအတွင်း ကစားခွင့် ပြုတော့မည် မဟုတ်ဘဲ ပြိုင်ပွဲများကိုသာ ကျင်းပသွားမည်ဟု အထက်ပါဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
” တိုင်းကွင်းကို အဆင့်မီ ကွင်းဖြစ် အောင် လုပ်နေပါတယ်။ ဒီလိုမှ မလုပ်ရင် ကွင်းက စုတ်ပြတ် သတ်သွားမှာပေါ့။ တိုင်းအဆင့်နဲ့ သင့်တော်တဲ့ အားကစားကွင်း လိုတယ်လေ” ဟု ဦးစိုးမိုးနိုင်က ပြော သည်။
ယင်းအားကစားကွင်းတွင် အမြဲတမ်း ရေလောင်းနိုင်စေရန် အဝီစိတွင်းတူးခြင်း၊ ရေစင် တည်ဆောက်ခြင်းနှင့် မြေညှိခြင်း၊ ကွင်းပတ်လည် ခြံစည်းရိုးကာရံခြင်း စသဖြင့် လုပ်ဆောင်ထားပြီး အချို့ လုပ်ငန်းများမှာ လုပ်ဆောင် နေဆဲဖြစ် ကြောင်း တိုင်းအား^ကာ ထံမှ သိရသည်။
လေ့ကျင့်ရေးနှင့် အပျော်တမ်း အားကစားသမားများအတွက် ရွှေဝယ်သီရိ အားကစားကွင်းကို အသုံးပြုခွင့် ပေးထားကြောင်း ဦးစိုးမိုးနိုင်က ပြော သည်။
” ဘောလုံးကွင်းလေး နှစ်ကွင်းရှိတာ တစ်ကွင်း ပိတ်တော့ ဘာလုပ် လို့ရမှာလဲ။ ရင်ပြင် (ရွေဝယ်သီရိ အားကစားကွင်း) မှာက ကန်နေတဲ့သူတွေ အများကြီးပဲ။ တစ်ဖက်ကို အယောက် ၂၀ လောက်ရှိ တယ်”  ဟု ယခင်က တိုင်းအားကစားကွင်း တွင် ညနေ ဘက် ဘောလုံးကန်လေ့ရှိသူ ထားဝယ်မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။
ဘောလုံးကွင်း နည်းလာခြင်းက လူငယ်များအတွက် နောက်ပိုင်း ဘောလုံး ကစားနည်းကို စိတ်ဝင်စားမှု လျော့လာ နိုင်သည်ဟု ၎င်းက ပြောသည်။
တိုင်းအားကစားကွင်းအပြင် ရွှေဝယ်သီရိ အားကစားကွင်းရှိ အားကစား ခန်းမကိုလည်း ပြိုင်ပွဲအတွက်သာ သီးသန့် အသုံးပြုမည်ဖြစ်ပြီး ယင်းအစား ရှမ္မလည် ဆွဲရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံကို လေ့ကျင့်ရေးနှင့် အပျော်တမ်း အားကစား သမားများအတွက် ဖွင့်ပေး ထားမည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။