သည်ဘက်ကမ်းပြို ဟိုဘက်သောင်ထွန်း

0
488

မြန်မာ ပြည်သူပြည်သားတွေ ရာ စုနှစ်နဲ့ ချီပြီး စီးပွားရေး ချွတ်ခြုံကျနေ ချိန်မှာ ခွင့်ထူးခံ အသိုင်းအဝိုင်း တစ်စုက ဆယ်သက် စားမကုန် ချမ်းသာ ကြွယ်ဝ နေကြတယ်။ လုပ်ခ လစာနဲ့ လူနေမှု စရိတ် မကာမိတဲ့ အတွက် လူငယ် လူရွယ်တွေ နိုင်ငံခြား သွားပြီး အိမ်ဖော်၊ ကူလီ အလုပ်ရဖို့ တန်းစီနေရတဲ့ အချိန်မှာ သူတို့ရဲ့ သားသမီးတွေကျတော့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေမှာပညာ သင်ကြား ခွင့်ရကြတယ်။


မြန်မာပြည်က တောတောင်တွေ ကတုံးဖြစ်၊ သစ်ငုတ်တွေပဲ ကျန်ရစ် ချိန်မှာ တရုတ်ပြည်ကတော့ “Green China Land” ဆိုပြီး ကြွေးကြော် နေတယ်။ ကြေးနီတောင်က ကြေးတွေကို ဓာတ်အားလိုင်းတွေ တည်ဆောက်ဖို့ ချန်မထားပဲ ရောင်းစားတော့ အခု တ ရုတ်ပြည်ကနေ ကြေးကြိုးတွေ တင်သွင်း နေရတယ်။မြန်မာ့ ပင်လယ်ပြင်မှာ ငါးပုစွန် ရှားပါးလာလို့ ဒေသ တံငါသည်တွေကိုပါ ငါးဖမ်းခွင့် ပိတ်လိုက်ရတဲ့ အခြေအနေမှာ ထိုင်းနိုင်ငံကတော့ ကမ္ဘာမှာ  Sea Food   တင်ပို့မှု အများဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေတယ်။
တနင်္သာရီတိုင်းရဲ့ မြေပေါ်မြေ အောက် ရေပေါ်ရေအောက် သယံဇာတ ပေါင်း များစွာကို ခေါင်းစဉ်     အမျိုး မျိုးနဲ့ ထုတ်ယူသွားကြပေမဲ့ ဒေသခံ ပြည်သူတွေမှာတော့ ဘာမှ ရေရေရာရာ ခံစားရတယ်လို့ကို မရှိဘူး။
အဲဒီလို ရေရေရာရာ မရှိတဲ့ အရာ ပေါင်းများစွာအနက်က တနင်္သာရီတိုင်းက ဒေသပြည်သူတွေ နေ့စဉ်နဲ့အမျှ မကျေ မချမ်း ဖြစ်နေရတဲ့ လျှပ်စစ် ကိစ္စကိုပဲ ဇောင်းပေးတင်ပြ သွားပါမယ်။

sesaw
မြန်မာပြည် တစ်ပြည်လုံးရဲ့ လျှပ်စစ် ထုတ်နိုင်စွမ်းအား မဂ္ဂါဝပ် (၃၀၀၀) ကျော်ရှိတဲ့အနက် ၁၀၀၀ ကျော် ကို တနင်္သာရီတိုင်းက ထွက်တဲ့ ဂက်စ်နဲ့ ထုတ်တာ ဖြစ်တယ်။ ဒါပေမဲ့ တိုင်းသူ တိုင်းသားတွေမှာဖြင့် ယနေ့ အချိန်အထိ တစ်စက်မှ မခံစားကြရသေးဘူး။ အထက်ပြည် အထက်ရွာတွေမှာ လျှပ်စစ်မီး ရရှိမှု မှန်လာပြီး ပြည်ပြည့်၀၀ ရနေချိန်မှာ ဒီက လူတွေကတော့ လျှပ်စစ်ဓာတ်အား         ” ငတ်ကြီးကျ”  နေရတယ်။ တနင်္သာရီတိုင်း မှာ ကမ်းပြိုခဲ့သမျှ တခြားမြို့ကြီးတွေမှာ သောင်ထွန်းနေတဲ့ သဘောပါပဲ။

ဝင်ငွေရှာပေးသော ဒေသ

ပြည်နယ်နှင့်တိုင်း ၁၄ ခုမှာ DE ခေါ် လျှပ်စစ်ညွှန်ကြားရေးမှူးတစ်ဦးစီ ရှိပါတယ်။ အဲဒီအထဲမှာ တနင်္သာရီ တိုင်းက Dန ဟာ စွမ်းဆောင်ရည် အကောင်းဆုံးဆိုပြီး နေပြည်တော်မှာ အမြဲတမ်း ချီးကျူးတာ ခံရပါတယ်။
]]ပြည်နယ်နင့် တိုင်း အားလုံးထဲမှာ လျှပ်စစ်ဝန်ကြီးဌာနကို ဝင်ငွေရှာပေး နိုင်တာ တနင်္သာရီတိုင်း တစ်တိုင်းတည်းပဲ ရှိတယ်}} လို့ လူကြီးတွေက ဂုဏ်ပြု ပြောဆို လေ့ ရှိပါတယ်။ အရပ်သား ဆိုရင်တော့ ဂုဏ်ထူးဆောင် ဘွဲ့တောင် ချီးမြှင့်ခံရ မလားပဲ။ ဒီက လူတွေကတော့ဖြင့်        “ကော့”  နေပြီ။
တနင်္သာရီတိုင်းမှာ ဌာနမီတာရှိတဲ့ အိမ်တိုင်းက တစ်လကို မီတာ ဝန်ဆောင်ခ ၅၀၀ ကျပ်စီ ပေးရတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ် ဝယ်သုံးရတဲ့ လျှပ်စစ် တစ်ယူနစ်ကို Royality   Fee ၁၀ ကျပ် (မီးလင်းရေးက ပိုကောက်ပြီး) ဌာနကို ပေးရသေးတယ်။ ဘူးလေးရာ ဖရုံဆင့် ဖြစ်နေတယ်။ ” မီတာ ဝန်ဆောင်ခ ပေးနေတဲ့ အိမ်တွေ အတွက်”  ဆိုပြီး ဌာနက ဘာမှ သီးသန့် ထောက်ပံ့ ပေးတာ မရှိဘူး။
ဒါ့အပြင် ဝန်ကြီးဌာနက”ဌာန မီတာ မဟုတ်လျှင် မည်သူမှ မီးမပေးရ” ဆိုတဲ့ (မဟာဓာတ်အားလိုင်း ဒေသ) ဥပဒေနဲ့ လာကိုင်ပေါက် တတ်သေး တယ်။ ကိုယ့်အား ကိုယ်ကိုးပြီး မီးပေး နေတဲ့ မီးလင်းရေးတွေဟာ ဥပဒေ ကျူး လွန်ထားသလို ဆက်ဆံခံခဲ့ကြရတယ်။ အခုနောက်ပိုင်းမှ တိုင်းလျှပ်စစ်က နားလည်မှုနဲ့ ခွင့်ပြုပေးထားလို့ လုပ်ကိုင်ရတာ အဆင်ပြေလာတယ်။
တနင်္သာရီတိုင်းမှအပ ကျန်ပြည် နယ်နှင့် တိုင်း(၁၃)ခုမှာ လျှပ်စစ် အတွက် တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း (၂၀၀၀)ခန့်စီ ဌာနက စိုက်ပေးရတယ်။ တနင်္သာရီတိုင်းဆီကတော့ တစ်လ သိန်း (၃၅၀) ခန့် ပုံမှန်ဝင်ငွေ ရရှိပါတယ်။

ထားဝယ်လည်း ပြည်သူ
၂၀၁၅ ခု ဧပြီလ ဒုတိယအပတ်မှာ မြင်းခြံမြို့ ၉၅ မဂ္ဂါဝပ် သဘာဝဓာတ် ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ စက်ရုံအတွက် ဂက်စ်ကို ရွှေ သဘာဝဓာတ်ငွေ့တွင်းရဲ့ နောက်ဆုံး ခွဲတမ်း ဖြစ်တဲ့ ကုဗပေ သန်း(၂၀)နဲ့ လည်ပတ်တာ ဖြစ်ပါ တယ်။ ဒီစက်ရုံ လည်ပတ်တာဟာ မြင်းခြံဒေသ ” ပြည်သူ”  တွေသုံးဖို့ဖြစ်တဲ့အတွက် ဂက်စ်ဖိုး သီးသန့်ပေးစရာ မလိုကြောင်း မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။
အဲဒါဆို ကျွန်တော်တို့ ထားဝယ် ဒေသက လူတွေက ပြည်သူ မဟုတ်ဘူး လား။ လောလောဆယ် ကံပေါက်စက်ရုံ အတွက် (၁)သန်းပဲ သုံးမယ့်ဟာကို ပိုက်ဆံပေး ဝယ်ရမတဲ့။ အချိန်မီမပေးရင် Fine ပါ ထိအုံးမယ်ဆိုလား။ တစ်တိုင်း ပြည်လုံး အလကားရနေတာ သိသိကြီးနဲ့ ကျုပ်တို့ကျမှ ပိုက်ဆံပေးရမယ်ဆိုတော့ တွေးမိတိုင်း အရိုးနာတယ်။ တခါတလေ ဒီပိုက်လိုင်းကြီးတွေကို ဝါးစား ပစ်ချင် တယ်။
တာဝန်ရှိသူတွေ ရောက်လာတဲ့ အခါ ကျတော့လည်း ” မဟာဓာတ်အား လိုင်း လာရင်တော့ ပြည်မနဲ့အတူတူ ဈေးချ ပေးမယ်၊ ဘာညာကွိကွ လျှောက် ပြောတယ်။ သူတို့ပြောတဲ့ ဓာတ်အား လိုင်းက ဘယ်နေမှန်း မသိဘူး။ မနှစ်က လည်း ” မော်လမြိုင်-ရေး-ထား ဝယ် ၂၃၀ ကေဗွီလိုင်း တည်ဆောက်ရန် တင်ဒါ ခေါ်ယူခြင်း”  ဆိုပြီး မြန်မာ့ အလင်း သတင်းစာမှာ ပါလာတယ်။ သုံးသပ်သူ တွေကတော့ ” မလှိမ့်တပတ် လုပ်တာပဲ”  ဆိုပြီး ကြိုတင် ဟောကိန်း ထုတ်ကြတယ်။ နောက်ဆုံးကျတော့ ထင်တဲ့ အတိုင်းပဲ ဘာမှ ဖြစ်မလာဘူး။ ယခုနှစ် ဘတ်ဂျက် မှာလည်း မပါသေးဘူး။ ဘယ်နှစ် ဘတ်ဂျက်မှာ ပါမယ်ဆိုတာကိုလည်း ဘယ်လူကြီးမှ ရေရေရာရာ မပြောဘူး။
မနှစ်က ဓာတ်အားလိုင်းအတွက် အဖြေရှာမရ ဖြစ်နေတဲ့အချိန်မှာ တရုတ်လူမျိုးတစ်ဖွဲ့ ရောက်လာပါတယ်။ မော်လမြိုင်-ရေး-ထားဝယ် ဓာတ် အားလိုင်းကို သူတို့ပိုက်ဆံနဲ့  ဆွဲ ပေး မယ်၊ အတိုးလည်း ပေးစရာ မလိုဘူး၊ ငွေလည်း ပြန်ပေးစရာ မလိုဘူးလို့ ပြောတယ်။ ဒီလောက် သဘောကောင်း တဲ့ တရုတ်တွေ တစ်ခါမှ မတွေ့ဖူးလို့ အံ့အား သင့်ခဲ့ရတယ်။
နောက်ပိုင်း သိရတာကတော့ ဒီလူ တွေဟာ လက်ပံတောင်း ကြေးနီ စီမံကိန်းက တရုတ်တွေ ဖြစ်နေတယ်။ ငွေမပေးရဘူးဆိုတာ ကြေးနီတောင်က ကြေးဖိုးနဲ့ ခုနှိမ်မှာတဲ့။ ပြီးရင် ကျွန်တော် တို့က လက်ပံတောင်းလိုက်ပြီး ကြေးနီ စီမံကိန်းကို ထောက်ခံပေးရမယ့် သဘော ဖြစ်နေတယ်။ နောက်ဆုံးမှာတော့ တိုင်းရင်းသား အချင်းချင်း ရန်တိုက် ပေးသလို ဖြစ်နေမယ်ဆိုပြီး ဝန်ကြီးဌာန က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီ နောက်ပိုင်းကတည်းက ဓာတ်အား လိုင်းကိစ္စ ပျောက်သွားတာ ဒီနေ့အထိပဲ။

မျှဝေခံစား နည်း(၃)သွယ်
” ထားဝယ်မှာ တစ်ယူနစ်(၃၅) ကျပ်နဲ့ ရခဲ့ရင် မြိတ်နဲ့ ကော့သောင်းက ဘယ်ကျေနပ်မလဲ”  ဆိုပြီး တာဝန် ရှိသူတွေက စိုးရိမ်နေတာ ရှိပါတယ်။ အဲဒါအတွက် လုပ်လို့ရတဲ့ နည်း(၃)နည်းရှိပါတယ်။
(၁)
မြိတ်နဲ့ ကော့သောင်းအတွက် တစ်လ ဒီဇယ်(၁၅၀၀၀)ဂါလံခန့် အခမဲ့ ထောက်ပံ့လျှင် မီတာတစ်လုံး (၁၀) ယူနစ်ခန့် ၃၅ ကျပ် နှုန်းနဲ့ သုံးခွင့် ရနိုင်ပါတယ်။ (မဟာဓာတ်အားလိုင်း မရှိတဲ့ စက်မြို့အားလုံး မီတာတစ်လုံး လျှင် ဒီဇယ် တစ်ဂါလံနှုန်း အခမဲ့ရရှိ နေတာ ဖြစ်ပါတယ်)
(၂)
ထားဝယ် ဂက်စ် လျှပ်စစ်ဓာတ် အားခကို ကျောက်ဖြူလိုပဲ (၃၅)ကျပ် နှုန်းနဲ့ ရရှိမယ်ဆိုရင် မျှဝေခံစား စံနစ်နဲ့ တစ်တိုင်းလုံး တစ်ယူနစ် ၃၀၀ကျပ် နှုန်းခန့်ဖြင့် သုံးခွင့်ရနိုင်ပါတယ်။
(၃)
ဌာနက ထားဝယ်မှာ တစ်ယူ နစ်(၃၅)ကျပ်ပဲ ယူပြီး၊ ဒီဇယ်ကိုလည်း (၁၅၀၀၀) ဂါလံ ထောက်ပံ့မယ် ဆိုရင် တော့ (၃၀၀)ကျပ်အောက် ထပ်လျှော့ နိုင်မှာပါ။
ဒီလိုဆိုရင် တစ်တိုင်းလုံးလည်း ကျေနပ် လက်ခံကြမှာပါ။ တစ်ယူနစ် ကျပ် (၃၀၀) အောက်ဆိုရင် အသေးစားနဲ့ အလတ်စား စက်မှု လက်မှုလုပ်ငန်း ( SME )များ လည်ပတ် ထုတ်လုပ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ထိုင်းကနေ ဝယ်သုံးမယ်ဆိုလျှင် မြိတ်အတွက် ထိုင်းမီးကို ဝယ် သုံးမယ် ဆိုရင် မောတောင်က တဆင့် တစ်ယူနစ် ၅ဘတ်ခွဲ ဈေးနဲ့ ဝယ်ရမှာပါ။ ပကျွတ်ဝယ် ဈေး ၅ဘတ်ခွဲက (၁၇၃)ကျပ်။ မြိတ်ရောက်တဲ့အထိ unit loss (၁၅%)အတွက် (၂၇)ကျပ်၊ ဖြန့်ဖြူး စရိတ်(၃၀)ကျပ်၊ ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီ အမြတ်ရယူမှု(၂၀)ကျပ်၊ မြန်မာပြည် အခွန်အခ(၁၀)ကျပ်၊  ဌာနသို့  Royality Fee  (၁၀)ကျပ် အားလုံး ပေါင်းလိုက်ရင် အနည်းဆုံး (၂၇၀) ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၂)နှစ်ခန့်က ပကျွတ်-မောတောင် နယ်စပ်ဂိတ်ဖွင့်ရင် အဆင် ပြေအောင်ဆိုပြီး မောတောင်အတွက် လျှပ်စစ် (၂) မဂ္ဂါဝပ်ခန့် ရောင်းပေး မယ်လို့ ထိုင်းလျှပ်စစ်က မူအားဖြင့် သဘောတူခဲ့တယ်။ မြန်မာ ပြည်ဘက် ခြမ်းက ဓာတ်အားလိုင်းဆွဲပြီး အဆင် သင့် စောင့်နေသော်လည်း ဒီနေ့အထိ ထိုင်းဘက်က မီးမလွှတ်ပေးသေးဘူး။
” နယ်ခြားစည်းမျဉ်းနဲ့ ဘုံဆိုင်မြေ (No Man’s Land) သတ်မှတ်ချက် လက်မှတ် ထိုးပြီးမှ မီးပေးနိုင်မယ်”  ဆိုတဲ့ ပုံစံမျိုးလုပ် နေတယ်။ ကိုယ့်တိုင်းပြည်က ဂက်စ်တွေနဲ့ ထုတ်ထားတဲ့ လျှပ်စစ်ကို ပြန်ဝယ် သုံးတာတောင် ခယနေ ရတယ်။

နိဂုံး
မဟာဓာတ်အားလိုင်း လုံးဝမရှိ သေးတာ တနင်္သာရီတိုင်းဒေသကြီးပါ။ အခမဲ့ ခွဲတမ်းဆီ လုံးဝမရတာလည်း တနင်္သာရီတိုင်းပါ။
တနင်္သာရီတိုင်းအတွက် မီတာ တစ်လုံး ဆီတစ်ဂါလံစီ ပေးရမယ့်ဟာကို မပေးပဲ၊ အချို့သော မြို့တွေကို (၂) ဂါလံစီ ပေးထားတယ်။ တနင်္သာရီ တိုင်းပြည်သူများ ကမ်းပြိုတာချည်း ခံစားနေကြရတယ်။ ” သောင်ထွန်း”  တဲ့ အလှည့်ရောက်အောင် တတ်နိုင်သူများ လုပ်ပေးကြပါအုံး။
ထားဝယ်ခရိုင် ပြည်သူများရဲ့ဆန္ဒက ကံပေါက် လျှပ်စစ်လာရင် ဂက်စ်ကို အခမဲ့ ရရှိရေး ဖြစ်ပါတယ်။ အင်ဂျင် ငှားခပါ ကျခံပေးမယ်ဆိုရင်တော့ အလွန်ပင် ကျေးဇူးတင် ဝမ်းမြောက် ကြမှာပါ။    မြိတ်နဲ့ ကော့သောင်း ပြည်သူတွေကတော့ (မီတာ ဝန်ဆောင်ခ ပေးသွင်းနေသော) မီတာ တစ်လုံးလျှင် ဒီဇယ် တစ်ဂါလံခွဲခန့် အခမဲ့ရရင် ကျေနပ်ကြမှာပါ။ အစိုးရ သက်တမ်းမကုန်ခင် ဒီလျှပ်စစ်မီး ကိစ္စကို ဖြည့်ဆည်း ပေးနိုင်မယ်ဆိုရင် ” မဲပေးခဲ့ ရကျိုးနပ်ပြီ” ဆိုကြမှာပါ။
၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ” လမ်းနဲ့ လျှပ်စစ်မီး” ကို ကောင်းအောင် လုပ်ပေးမယ်လို့ အာမခံထားတာ မမေ့လောက် သေးဘူးထင်ပါတယ်။ လမ်းတွေလုပ်ထား ပြင်ထား တာကတော့ တော်တော်လေး အားရစရာ ကောင်း ပါတယ်။ လိပ်ခဲတည်းလဲ ဖြစ်နေတာက လျှပ်စစ်မီးပါ။နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးက ” ယူစေ”  လို့ တစ်ခွန်း ပြောလိုက်တာနဲ့ တစ်တိုင်းလုံးမှာ တစ် ယူနစ် ၃၀၀ ကျပ် အောက်ဈေးနှုန်းနဲ့ သုံးစွဲကြရမှာပါ။