ဝန်ထမ်းအိမ်ယာကြောင့် ရှေးဟောင်း ကျုံးမြို့ရိုး ပျက်စီးမည်ကို တနင်္သာရီ မြို့ခံတချို့ စိုးရိမ်

0
488

တနင်္သာရီမြို့နယ်၏ အနောက်ဘက် နှင့် တောင်ဘက်ဆုံရာ မြို့ရိုးထောင့်ရှိ ရှေးဟောင်းကျုံး မြို့ရိုးနံဘေး ကပ်လျက် တွင် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်မှု ကြောင့် မြို့ရိုးပျက်စီးမည်ကို မြို့ခံ တချို့ စိုးရိမ်လျက်ရှိကြောင်း သိရသည်။


ရှေးဟောင်း ကျုံးမြို့ရိုးနံဘေးတွင် နေအိမ်အချို့နှင့် ဝက်ခြံအချို့ ဆောက်လုပ် ထားခြင်းသည် ယခင်ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းရမှန်း မသိစဉ် က ဖြစ်ခဲ့သည့်အတွက် နားလည် ပေးနိုင်သော်လည်း လက်ရှိတွင် နောက်ထပ် မည်သည့် အဆောက် အအုံသစ်မှ မဆောက်သင့်ကြောင်း ချောင်းငယ် ရပ်ကွက်နေသူ တချို့က ဖွင့်ဟသည်။
” မြို့ရိုးဘေးမှာ ကပ်ဆောက်ပြီ ဆိုတော့ မြို့ရိုး အထဲဘက်က ကျုံး လည်း ပျက်စီးသွားမယ်၊ မြို့ရိုးလည်း ပျက်စီးမှု ရှိနိုင်ပါတယ်” ဟု တနင်္သာရီ မြို့နယ် စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်းရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။” ဝန်ထမ်းအိမ်ယာက မြို့ရိုး နံဘေး မှာပါ၊ မြို့ရိုးနဲ့ လွတ်အောင် ဆောက်လုပ် သွားမှာပါ၊ အဆောက်အအုံ ဆောက်လုပ် ပြီဆိုရင် မြို့ရိုး ထိခိုက်မှု ရှိမရှိ လာကြည့် လို့ရပါတယ်” ဟု ယင်းမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းလွင်က ပြောသည်။
လက်ရှိတွင် မြေရှင်းလင်းခြင်း လုပ်ငန်း များကို စတင် လုပ်ကိုင်နေပြီး ၆ ခန်းတွဲ နှစ်ထပ် အဆောက်အအုံ ဖြစ်ကာ သုံးစွဲ မည့် ဘတ်ဂျတ်နှင့် ပြီးစီးမည့် ကာလကို ၎င်းအနေဖြင့် အတိအကျ မသိရသေးဟု ဥက္ကဋ္ဌ ဦးရဲထွန်းလွင်က ပြောပြသည်။