ခရုအိုးစုပ်ဈေး တရိပ်ရိပ်ကျ

0
646

တရုတ်ဝယ်လက်ကြောင့် ဈေး ကောင်း ရခဲ့သည့် မြိတ်ကျွန်းစု ဒေသ တွက် ခရုအိုးစုပ်များ ပြီးခဲ့သည့် ဧပြီ လက စပြီး ဈေး တရိပ်ရိပ် ကျဆင်း လာကြောင်း ခရုအိုးစုပ် အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။


ယခင်က ထိုင်းသို့ အဓိက တင်ပို့သည့် ခရုအိုးစုပ်များကို ၂၀၁၂ ခုနှစ်က စပြီး မြိတ်တွင် တရုတ် နိုင်ငံသားများ ကိုယ်တိုင် ဆင်းလာ ဝယ်သည့်အတွက် ဈေးကောင်း ရလာခဲ့ ကြောင်း သိရသည်။ “ဈေးကျလာတာ တစ်လ နီးပါး လောက်ရှိနေပြီ၊ တရုတ်တွေ ဆင်းလာ ဝယ်တုန်းက တစ်ကီလိုကို ကျပ် ၃၅၀၀ မှ ၄၀၀၀ လောက်အထိ ပေါက်ဈေး ရှိတယ်၊ လက်ရှိ ပေါက်ဈေးက တစ် ကီလို ကို ကျပ် ၂၀၀၀ မှ ၂၁၀၀ လောက်ပဲ ကျန်တော့တယ်” ဟု ဟု  ပန်းဇင်ကျေးရွာရှိ ခရုအဝယ်ဒိုင်မှ ကိုခင်ဇော်က ရှင်းပြသည်။
ယင်းသို့ ဈေးကျ လာခြင်းမှာ တရုတ်အဝယ်ဒိုင် နည်းသွားခြင်းကြောင့် ဖြစ်ကြောင်း အင်းလေးကမ်း ရပ်ကွက်နေ ခရုအိုးစုပ် အဝယ်ဒိုင်မှ ဦးမောင်မျိုးက ပြောသည်။
” တရုတ်တွေ ဒီမှာ စလာ ဝယ် တုန်းက ဒိုင်တွေ အများကြီးဆိုတော့ အပြိုင်အဆိုင် ဝယ်ကြတော့ ဈေးပိုရတာ ပေါ့၊ အခုကျတော့ တရုတ်အဝယ်ဒိုင်က နှစ်ဒိုင်ပဲ ကျန်တော့တယ် သူတို့ နှစ်ဒိုင် ကလည်း ဈေးညှိထားတော့ ဈေးကောင်း မရဖြစ်နေတယ်”ဟု ဦးမောင်မျိုးက ဆိုသည်။
ခရုအိုးစုပ်များကို ကားဖြင့် တင်ပို့ သည့်အတွက် ရာသီဥတု ပြောင်းလဲမှု ကြောင့် နေအပူရှိန်ကြောင့် ခရုအိုးစုပ် များ သေဆုံးခြင်း စသည့် ဆုံးရှုံးမှုများ ရှိသဖြင့် ဈေးလျော့ ဝယ်လာခြင်း ဖြစ်နိုင်သည် ဟု အိုးလုပ်ပြင် ကမ်းမှ ရောင်ခြည် ခရုအိုးစုပ် အဝယ်ဒိုင်မှ တာဝန်ခံ တစ်ဦးက ထင်ကြေးပေးသည်။