မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ မြို့နယ် ၃ ခုတွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည်မဟုတ်

0
636

၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)) သည် လာမည့်ရွေးကောက်ပွဲ၌ မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းနှင့် သထုံ မြို့နယ် ၃ ခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်မဟုတ်a ကြာင်း သိရသည်။


ယင်းမြို့နယ် ၃ ခုတွင် တိုင်းရင်း သာ ပါတီများစုပေါင်း ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင် စုပါတီ (FUP) ပါတီက ဝင်ရောက် ယှဉ်ပြိုင်မည်ကို  (AMDP) က ပံ့ပိုးကူညီ သွားမည်ဟု ပါတီအတွင်းရေးမှူး ဒေါက်တာမင်းနွယ် စိုးက ပြောသည်။
” မဟာမိတ်ပါတီဖြစ်လို့ ကူညီတာ ပါ” ဟု ၎င်းက ဆိုသည်။
ယင်းမြို့နယ်များသည် မွန်လူမျိုး ဦးရေ အနည်းစုသာနေထိုင်သည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။
(AMDP) သည် လာမည့်ရွေး ကောက်ပွဲတွင် ကရင်ပြည်နယ်ရှိ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီး ရေဖြူနှင့် ပုလောမြို့နယ်တို့တွင် တိုးချဲ့ ဝင်ပြိုင်သွားရန် လျာထားသည်ဟု သိရသည်။
၎င်းပြင် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်လူဦးရေစာရင်းများကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ပေးပြီး  မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် တစ်ဦးရမည်ဆိုပါက တနင်္သာရီတိုင်း ဒေသကြီး၌ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် နေရာလည်း ဝင်ပြိုင်သွား မည်ဖြစ်သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၃၄ နေရာတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကာ လာမည့်ရွေးကောက်ပွဲတွင် မဲ ဆန္ဒနယ် ၄၅ နေရာဝန်းကျင် ယှဉ်ပြိုင် သွားရန် ရှိသည်ဟု ပါတီထံမှ သိရသည်။
(AMDP)သည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် ပြည်နယ်လွှတ်တော် ၉ နေရာ စုစုပေါင်း ၁၆ နေရာ အရွေးခံ ထားရသည်။