ယခုဘဏ္ဍာ ရေးနှစ်အတွင်း စီမံကိန်းဝင် တံတား ၅ စင်း အပြီးသတ်မည်

0
433

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်       အတွင်း တနင်္သာရီတိုင်းဒေသကြီးရှိ     စီမံကိန်းဝင် သံကူကွန်ကရစ် တံတား ၅ စင်းကို အပြီးသတ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦး စီးဋ္ဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထားဝယ် – ရေး လမ်းမကြီးပေါ်ရှိ ကလိန်အောင်တံတား၊ တံတားဖြူနှင့် ရေဖြူတံတား၊ ထားဝယ် – မြိတ် လမ်းမ ကြီးပေါ်ရှိ ပလောက်တံတားနှင့် ပြည်ခြား တံတားတို့ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ရေဖြူနှင့် ပလောက်တံတား ၉၀ ရာနှုန်း၊ ကလိန်အောင်တံတားနှင့် ယင်းအနီးရှိ တံတားဖြူမှာ ၇၃ ရာခိုင်နှုန်း နှင့် ၇၈ ရာခိုင် နှုန်း၊ ပြည်ခြား တံတားမှာ ၅၁ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အထက်ပါ ဌာနမှ ပြောသည်။