မြိတ်နှင့် ပုလောတွင် တယ်လီနောလိုင်း စတင်စမ်းသပ်

0
518

မြိတ်ခရိုင် ၄ မြို့နယ်အနက် မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တွင် ဇွန်လ ၁၂ ရက်နေ့မှ စပြီး တယ်လီနော ဖုန်းလိုင်းများ စတင် စမ်းသပ်နေပြီ ဖြစ်ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။

ပုလောမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့မှ စတင် စမ်းသပ်နေပြီး ပုလော မြို့နယ်၊ ပလောက်မြို့နယ်(ခွဲ)၊ ပလ တိုက်နယ်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာ များတွင် တယ်လီနောဖုန်းများ ခေါ်ဆို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ပုလော မြို့ခံမှ ဦးတင့်လွင်စိုးက ပြောသည်။

“လောလောဆယ် ဒီမှာတော့ ပြင်ပ ဖုန်းဆိုင်တွေမှာ တယ်လီနော ဆင်းကတ်တွေ ဝယ်လို့ ရနေပါတယ်၊ စမ်းသပ်ဆဲ ကာလဖြစ်လို့ တယ်လီနော ဆင်းကတ် စင်တာကတော့ ဇွန်လ ၁၈ ရက်နေ့မှ ထုတ်ရောင်းမယ်လို့ သိရ တယ်” ဟု ပုလောမြို့ခံမှ ကိုဥက္ကာစိုးက ရှင်းပြသည်။အလားတူ မြိတ်မြို့တွင်လည်း ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲခန့်က စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြိတ် မြို့ခံများထံမှ သိရသည်။သို့သော် ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် အသုံးပြု၍ မရသေးဘဲ တာဝါတိုင်နှင့် စက်ပစ္စည်း များကို တပ်ဆင် နေဆဲဖြစ်ကြောင်း သိရသည်။