မြိတ်မြို့ လမ်းဆုံ ၅ ခု မီးပွိုင့် တပ်ရန် စီစဉ်

0
479

ယာဉ်ကြော ရှုပ်ထွေးလာပြီး ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်နေ သည့် မြိတ်မြို့ပေါ်ရှိ လမ်းဆုံ ၅ ခုတွင် မီးပွိုင့်များ တပ်ဆင်ရန် လာမည့် အပတ်အတွင်း တိုင်း အစိုးရအဖွဲ့ထံ တင်ပြမည် ဖြစ်ကြောင်း အမှတ် (၇၆) မြိတ်မြို့နယ် ယာဉ်ထိန်း ရဲ့တပ်ဖွဲ့ရုံးထံမှ သိရသည်။

ယာဉ်ကြော အရှုပ်ဆုံးဖြစ်သည့် ယင်းလမ်းဆုံများတွင် မီးပွိုင့်များအပြင် လုံခြုံရေး ကင်မရာနှင့် ရဲကင်းများ ထားနိုင်ရန် တင်ပြမည်ဟု အထက်ပါ ရုံးက ပြောသည်။
မြိတ်တွင် လက်ရှိတွင် မီးပွိုင့် တပ်ထားသည့် နေရာ ၃ ခုရှိသော်လည်း ၂ ခုသာ အသုံးပြုနိုင်သည်။
myeik-cycle
” ကုန်ကျမည့် ဘတ်ဂျက်ငွေများကို တွက်ချက် နေပါတယ်၊ ဘယ်လောက် ကုန်ကျမယ် ဆိုတာကိုတော့ တိတိ ကျကျ မပြောနိုင် သေးဘူး” ဟု အထက်ပါ ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးပွိုင့်တပ်ရန်အတွက် မြိတ် တောင် နယ်မြေ ထားဝယ် ကမ်းလမ်း ဆုံ၊ မြို့သစ်၊ စန်းသီရိ လမ်းဆုံ၊ ဘုရားကိုင် လမ်းဆုံနှင့် နောက်လယ် ရပ်ကွက်၊ အမှတ် (၁) ကျောက်တံတား အနီး လမ်းဆုံများ အပါအဝင် ၅ ခုကို ရွေးချယ်ထားကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ခရိုင်ဦးစီးမှူး က ပြောကြားသည်။