မီးသတ်တပ်ဖွဲ့ဝင်ကို ထိပ်တုံး ခတ်သည့် အုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံရ

0
628

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို ထိပ် တုံးခတ်မှုဖြင့် ဇွန်လ ၅ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း ဘန်းက ချွန်ကျေးရွာ အုပ်ချုပ်ရေးရုံးနှင့် ကျေးရွာသူ၊ရွာသားများထံမှ သိရသည်။

ယမန်နှစ် နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲတော်တွင် ဝတ်ရွတ်အဖွဲ့အား နှောင့် ယှက်ပြီး လက်ဆွဲမီးစက်အား ဆိုင် ကယ်ဖြင့် တိုက်သည့် ကျေးရွာသား တစ်ဦးအား အုပ်ချုပ်ရေးမှူးမှ ခေါ်ယူ သတိပေးစဉ် ၎င်း၏ ဦးလေးတော်စပ်သူ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်မှ အုပ်ချုပ်ရေးရုံးအတွင်း မူးယစ်ရမ်း ကားကာ ကိုယ်ထိလက်ရောက် ကျူး လွန်ခဲ့သောကြောင့် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရာအိမ်မှူးတို့က မိနစ် အနည်းငယ် ထိပ်တုံးခတ် အပြစ်ပေး ခဲ့ကြောင်း ဘန်းကချွန်ကျေးရွာမှ ရပ်မိ ရပ်ဖတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန် ကြားချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးပြီးနောက် ရပ်ကျေး အုပ်ချုပ် ရေးမှူးသည် ထိပ်တုံးခတ်ရန် အခွင့် အာဏာမရှိသဖြင့် ယင်းသို့ တာဝန်မှ ရပ်စဲခိုင်းလိုက်ခြင်းဖြစ်ကြောင်း ယင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။
” ဖြစ်ကတည်းက မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ ကို တင်ပြပြီးပြီ၊ တရားစွဲခိုင်းလို့လဲ တရားရင်ဆိုင်ပြီးပြီ နောက်မလုပ်ဖို့ကိုလည်း မြို့ နယ်အုပ်ချုပ်ရေးမှာ ခံဝန်ကတိ လက် မှတ်ရေးထိုးခဲ့ပြီးပြီ” ဟု တာဝန်မှ ရပ်စဲခံလိုက်ရသည့် ဘန်းကချွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဦးက ဆိုသည်။
ဦးထွန်းဦးသည် ၂၀၁၃ ခုနှစ် မတ်လမှစပြီး အုပ်ချုပ်ရေးမှူးတာဝန် ကို ထမ်းဆောင်ခဲ့သည်။

လက်ရှိတွင် ထိုအချိန်က ဒုတိယ မဲအများဆုံးရခဲ့သူကို ယာယီအုပ် ချုပ်ရေးမှူးအဖြစ် ခန့်ထားကြောင်း သိရသည်။
ရမ်းကားခဲ့သည့် ကျေးရွာ အရံ မီးသတ်တပ်ဖွဲ့ဝင်ကိုလည်း တပ်ဖွဲ့ ဝင်အဖြစ်မှ ရပ်စဲခဲ့ကြောင်း အထက်ပါ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။
အုပ်ချုပ်ရေးမှူးမှ ထိပ်တုံးခတ် အပြစ်ပေးခဲ့ခြင်းနှင့် အရပ်သားမှ အရက် သေစာသောက်စားပြီး ရုံးဧရိယာအတွင်း ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့်လုပ်ရပ်အား လုပ်ခဲ့သည်ဟု နှစ်ဦးနှစ်ဖက် အပြန် အလှန် စွပ်စွဲချက်ဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ကြရာ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မြို့နယ်တရားရုံးက ကျေးရွာ အုပ်ချုပ်ရေးမှူးအား အနိုင်ပေးခဲ့သည်။

အထက်ပါ အရံမီးသတ် တပ်ဖွဲ့ ဝင်အား ထောင်ဒဏ် ၃ လ ( သို့မ ဟုတ်) ဒဏ်ငွေကျပ် တစ်သောင်း ကျခံစေရန် ချမှတ်ရာ ကာယကံရှင်က ဒဏ်ငွေ တစ်သောင်း ဆောင်ခဲ့သည်ဟု သိရသည်။