တပ်မတော်သားများ ရိုက်နှက်သည့်ကိစ္စ ကော့သောင်းခရိုင် ရဲစခန်းတွင် အမှုဖွင့်မည်

0
537
ရိုက်နှက်ထံရသူ ကိုမင်းတင်မွန် / ဓါတ်ပုံ - ထင်ကျော်ကျော်

ကော့သောင်းခရိုင် ကရသူရိ မြို့နယ်ခွဲ၊  ကျောက်ထနောင် ကျေးရွာသား တစ်ဦး ကို တပ်ရင်း ၅၈၁ မှတပ်မတော်သားများ က ရိုက်နှက်သည့်ကိစ္စ ကော့သောင်းခရိုင် ရဲစခန်းတွင်ကာယကံရှင်ကအမှုဖွင့်မည်ဖြစ်ကြောင်း ယင်းကိစ္စကိုကူညီပေးနေသူများအနက် တစ်ဖွဲ့ဖြစ်သည့် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း (ကော့သောင်း)က ပြောသည်။ယင်းရိုက်နှက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စကခတပ်မ ၂၀ နှင့်သက်ဆိုင်ရာသို့တိုင်ကြားထားသော်လည်း လက်ရှိအချိန်အထိမဖြေရှင်းပေးသည့်အတွက် ယင်းသို့တိုင်ကြားရန် စီစဉ်ခြင်းဖြစ် ကြောင်း အထက်ပါအဖွဲ့ကပြောသည်။
ဖြစ်စဉ်မှာ အထက်ပါ ကျောက်ထနောင်ရွာသား ကိုမင်းတင်မွန်နှင့်ရဲဘော်တစ်ဦး စကားအခြေတင်အနည်းငယ်ဖြစ်ရာမှ အရာရှိများနှင့် ရဲဘော်များက နေအိမ်မှနှစ်ကြိမ် တိုင်တိုင်ခေါ်သွားပြီး ဝါးရင်းတုတ်များဖြင့် ရိုက်နှက်၊ ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း အရိုက်ခံရသူ ကိုမင်းတင်မွန်က ပြောသည်။

ရိုက်နှက်ထံရသူ ကိုမင်းတင်မွန် / ဓါတ်ပုံ - ထင်ကျော်ကျော်
ရိုက်နှက်ထံရသူ ကိုမင်းတင်မွန် / ဓါတ်ပုံ – ထင်ကျော်ကျော်

” မေးစေ့ကွဲအက် ဒဏ်ရာအပြင်းအထန်ရလို့ စတီးကြိုးနဲ့ချုပ်ထားရတယ်” ဟု ကိုမင်းတင်မွန်ကဆိုသည်။
ယင်းသို့ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး တိုင်ကြားထားသော်လည်း သက်ဆိုင်ရာက မျက်ကွယ်ပြုထားသည်မှာ မဖြစ်သင့်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း(ကော့သောင်း)မှ အဖွဲ့ဝင် ဦးထင်ကျော်ကျော်မှ မှတ်ချက်ပြုသည်။
” အမှုမှန်ပေါ်အောင်ဖော်ထုတ်ပေး သင့်တယ်။ အခုလိုပဲမသိသလိုနေတာဟာ  တပ်က ဘာလုပ်လုပ်အမှန်ချည်း ဖြစ်နေလိမ့်မယ်၊ ဘာအရေးယူမှုမှရှိတော့မှာ မဟုတ်ဘူး” ဟု ၎င်းကထပ်လောင်းပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကရသူရိရဲစခန်းတွင် သွားရောက်အမှုဖွင့်သော်လည်း  တပ်ကိစ္စ ရဲနှင့်မဆိုင်ဟုဆိုကာ ငြင်းပယ်ခဲ့သည်ဟု သိရသည်။

ယင်းကိစ္စသည်တပ်က အရေးယူရမည့်ကိစ္စဖြစ်ပြီး ကော့သောင်းခရိုင် အုပ်ချုပ်ရေးရုံးသို့ တိုင်ကြားထားခြင်း မဟုတ်ဘဲမိတ္တူလိပ်မူပြီး ပို့ထားသည့် အတွက်မည်သို့ အရေးယူမည်ကိုသာစောင့်ကြည့်နေကြောင်း ယင်းရုံးမှ သိရသည်။
” အရပ်သားနဲ့စစ်သားဖြစ်တဲ့ပြဿ        နာဖြစ်လို့သက်ဆိုင်ရာရဲစခန်းက စစ်တရားရုံးကို လွဲပေးရမှာပါ” ဟု ကော့သောင်းမြို့နယ် တရားရုံးမှ အထက်တန်း ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် ရိုက်နှက်ခံရသူကို ယင်းတပ်မှ ခြိမ်းခြောက်ထားသဖြင့် နေရပ် မပြန်ရဲဘဲ ကော့သောင်း ၈၈ အဖွဲ့နှင့် အင်န်အယ်လ်ဒီမှ ဆေးဝါးကုသ စရိတ်နှင့် စားဝတ်နေရေး ကူညီပေးထားကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ထိခိုက်နစ်နာခဲ့သူအတွက် အဖြေမှန်ပေါ်ရန်နှင့် နစ်နာကြေးရရန် လုပ်ဆောင်ပေးသွားမည်ဟု ယင်းအဖွဲ့များကပြောသည်။