ကျွန်းများသို့ ညအိပ်လည်ပတ်ခွင့် မပြုသေး၍ မြိတ်ဒေသကို နိုင်ငံခြား ခရီးသွားများ စိတ်ဝင်စားမှု လျော့လာ

0
575

မြိတ်ခရိုင်အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွားများကို ညအိပ် လည်ပိတ်ခွင့် မပြုသေးသည့်အတွက် မြိတ်သို့ လာရောက် လည်ပတ်ရန် စိတ်ဝင်စားမှု နည်းလာကြောင်း ခရီး သွားလုပ်ငန်း အသိုင်းအဝိုင်းမှ သိရ သည်။


မြိတ်သို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တစ်နှစ်ထက် တစ်နှစ် ပိုတိုးလာပြီး ဧည့်သည် အများစုသည့် ကျွန်းများကို သွားရောက် လည်ပတ်ရန်သာ စိတ် ဝင်စားသည်ဟု အထက်ပါ အသိုင်း အဝိုင်းက ပြောသည်။ myeik-island
သို့သော် ကျွန်းများသို့ ည အိပ်လည်ပတ်ခွင့်မရသေးဘဲ မြို့ပေါ်နှင့် အနီးဝန်းကျင်တွင်သာ လည်ပတ် နေရသည့်အတွက် စိတ်ဝင် စားမှု နည်းပါးလာသည်ဟု ၎င်းတို့က မှတ်ချက်ပြုသည်။
” ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တွေက ဒီဒေသမှာရှိတဲ့ သန္တာကျောက် တန်းတွေ၊ ကျွန်းတွေနဲ့ နောက်ပြီး မြိတ်ကျွန်းစုတွေမှာရှိတဲ့ ပင်လယ် ပိုင်းက ရွာကလေးတွေပဲ စိတ်ဝင်စား တာ များပေမယ့် အဲဒီခရီးစဉ်တွေကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ခွင့်မပြုသေးဘူး”ဟု MERGUI SAKURA ခရီးသွား လုပ်ငန်းမှ ဦးဇော်မင်းဦးက ပြောသည်။
ယင်းလုပ်ငန်းအတွက် သက်ဆိုင် ရာ ဌာနအဆင့်ဆင့်သို့ ခွင့်ပြုချက် တင်ထားသော်လည်း လက်ရှိ အချိန် အထိ ခွင့်ပြုချက် မရသေးဟု ဦးဇော်မင်းဦးက ရှင်းပြသည်။
လက်ရှိတွင် မြိတ်မြို့ပေါ်နှင့် ကျွန်းစုမြို့ပေါ် အပါအဝင် အနီးဝန်း ကျင် နေရာများသို့သာ သွားရောက် လည်ပတ်ခွင့် ရရှိနေပြီး ကျွန်းများသို့ ညအိပ် ခရီးခွင့်မပြုပေးခြင်းကြောင့် ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးမှု အား နည်းသွားနိုင်သည်ဟု ကျွန်းစုမြို့ နယ် အမျိုးသားမှတ်ပုံတင်နှင့် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးက သုံးသပ်သည်။