ငါးမဖမ်းရ ရာသီတွင် ကမ်းဝေး ငါးဖမ်းလှေ ၅၀ ရာနှုန်းကို ပြန်လည် ဖမ်းဆီးခွင့်ပြု

0
502

ငါးမဖမ်းရ ရာသီတွင် ကမ်းဝေး ငါးဖမ်းလှေ ၅၀ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့က ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်ရုံးမှ ပြန်လည် ဖမ်းဆီးခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


တိုင်းအတွင်း အခြေပြုသည့် ကမ်းဝေးလှေများ ဖြစ်ကြသည့် ဝါးလတ်၊ ဝါးတန်း၊ မြုံးလှေ၊ ငါးမြှား တန်းလှေများ ၏ ၅၀ ရာခိုင်နှုန်း စင်းရေအားဖြင့် ကမ်းဝေးငါးဖမ်းလှေ ၃၇၅ စင်းကို ခွင့်ပြုခဲ့ကြောင်း အထက် ပါ တာဝန်ရှိသူ က ပြောသည်။
ယခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် လများကို ပင်လယ်ပြင် ငါးမဖမ်းရ ရာသီအဖြစ် ကနဦးက သတ်မှတ်ခဲ့ သော်လည်း ကမ်းဝေး ငါးဖမ်းလှေများ၏ ၅၀ ရာခိုင်နှုန်းကို ဖမ်းဆီးခွင့် ပေးရန် မေလ အတွင်းက သက်ဆိုင်ရာ ဌာန များသို့ ပြန်လည်တင်ပြခဲ့ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

myeik-not-fishing-time
” ငါးဖမ်းဆီးခွင့် ပြုလိုက်တဲ့အတွက် ရေလုပ်သားတွေ အလုပ်အကိုင် အခွင့် အလမ်း ပြန်ရမှာဖြစ်လို့ ဝမ်းသာပါ တယ်”ဟု မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။ ကမ်းဝေးလှေ အားလုံး ငါးဖမ်း ဆီးခွင့် ပိတ်ပါက ရေလုပ်သား များ အလုပ်လက်မဲ့ ပြဿ       နာများနှင့် ရင်ဆိုင်ရနိုင်ပြီး ရေလုပ်ငန်းနှင့် ဆက် စပ်လုပ်ငန်း လုပ်ကိုင်နေကြသည့် အအေးခန်းစက်ရုံများမှ လုပ်ငန်း ရပ် ဆိုင်းမှုများ ရှိလာနိုင်ကာ လုပ်ငန်း ရှင်များ အတွက်လည်း ထိခိုက် ဆုံးရှုံး နစ်နာမှုများ ရှိနိုင်သည့်အတွက် ယင်းသို့ တင်ပြခြင်း ဖြစ်ကြောင်း အထက်ပါ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောသည်။
တိုင်းအတွင်း အင်ဂျင် မြင်းကောင် ရေ ၂၅ ကောင် အထက်ရှိပြီး ကမ်းခြေမှ ရေမိုင် ၁၀ မိုင်ကျော်အကွာ တွင် ဖမ်းဆီးကြသည့် လှေများကို ကမ်းဝေး လှေများအဖြစ် သတ်မှတ် ထားပြီး ၂၅ ကောင်အောက် ကမ်းခြေမှ ရေမိုင် ၁၀ မိုင်အတွင်း ငါးဖမ်းလှေများကို ကမ်းနီး လှေများအဖြစ် သတ်မှတ်ထားကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ မြိတ်ခရိုင်အတွင်း ဒေသအခြေပြု    ကမ်းဝေးငါးဖမ်းလှေစီးရေ ၇၀၀ စီး ကျော် ရှိသည့်အနက် ၃၆၃ စီးကို ငါး ဖမ်း ထွက်ခွာမည်ဖြစ်ပြီး ကော့သောင်း ခရိုင်တွင် ၁၂ ခွင့်ပြု ဖမ်းဆီးခွင့်ရ ခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။