ထားဝယ်သားဖြစ်တယ်ဆိုတာ ပရိသတ်ကိုပိုသိစေချင်တယ်ဆိုတဲ့ သားဂန်း

0
749

နောက်ဆုံး နိုင်တဲ့သူကို Ford ကားပေးမယ်ဆိုတဲ့ Channel 7 ရုပ်သံလိုင်းရဲ့ အိပ်မက်ဆုံရာ(ရာသက်ပန်) သီချင်းဆိုပြိုင်ပွဲ အစီအစဉ် မှာ ထားဝယ်နယ်က ကံပေါက်သားလေး သားဂန်းကလည်း ဝင်ရောက်ယှဉ်ပြိုင်နေပါ တယ်။  အပတ်တိုင်း သီချင်းဆိုတာအားနည်းသွားသူတွေကို တစ်ယောက် ပြီး တစ်ယောက်ထုတ်ပယ်နေတဲ့ အဲဒီအစီအစဉ်မှာ သားဂန်ဟာ အခု ချိန်ထိအဖြုတ်မခံရဘဲဆက်လက်ယှဉ်ပြိုင်နေဆဲပါပဲ။


သီးချင်းဆိုရင် ဟန်မဆောင်တတ်ဘူး။ . . . အေးစက်စက်ပုံစံနဲ့ဆိုတတ်ပေမယ့်လည်း ထူးခြားတဲ့အသံရှိတယ်လို့ ဒိုင်လူကြီးတွေရဲ့မှတ် ချက်ပေးတာခံရတဲ့ သားဂန်းကို ဒီတစ်ပတ်မှာ တနင်္သာရီ/Dawei Watch ကအင်တာဗျူးဖြစ်ခဲ့ပါတယ်။

thar-gann-2
တနင်္သာရီ။ သားဂန်းက နာမည်အရင်းလား ဘယ်လိုဖြစ်ပြီး သားဂန်းနာမည်နဲ့ ၀င်ပြိုင်ဖြစ် သွားတာလဲ. . .။

သားဂန်း။    အမည်အရင်းကကျော်ရဲထက် ။ မိတ်ဆွေအပေါင်းသင်း သူငယ်ချင်းတွေက ထားဝယ်ဒေသန္တရ အခေါ်အဝေါ် သားဂန်း ဆိုတဲ့ အမည်ကိုသဘောကျတယ် ။ မြန်မာလို ” ကောင်လေး” လို့ အဓိပ္ပာယ် ဖော်လို့ရတယ် ။ အဲဒီအမည်ကကိုယ့်ကို ထားဝယ်သားလို့ လည်း ထင်ပေါ်စေပါတယ်။ ထားဝယ်သားဖြစ်တယ်ဆိုတာကိုလည်း ပရိသတ် တွေကိုသိစေချင်တယ် ဒါကြောင့် သားဂန်း အမည်နဲ့ ဝင်ပြိုင် ဖြစ်တာပါ။
တနင်္သာရီ။ အစီအစဉ်မှာဝင်ပြိုင်ဖြစ်သွားပုံအကြောင်းလေးပြောပြပါ ဦး။ ဘာအခက်အခဲတွေကြုံရတာရှိလဲ….။
သားဂန်း။    ကျွန်တော်အနေနဲ့ဆို ဒီအစီအစဉ်မှာ ဝင်ပြိုင်ဖို့ မလွယ်ဘူး။ ကျွန်တော့်ကိုပံ့ပိုးကူညီပေးတဲ့သူငယ်ချင်း မိတ်ဆွေတွေရဲ့တိုက်တွန်း အားပေးမှုကြောင့် ဝင်ပြိုင်ဖြစ်ခဲ့တာပါ ။ စဝင်ပြိုင်ချိန်မှာတော့ ဘာသာ စကားအခက်ခဲရှိတယ် ။ ကိုယ်က ထားဝယ်လူမျိုးဆိုတော့ မြန်မာလို ပီပီသသပြောနိုင်ဖို့ မနည်းလေ့ကျင့်ထားရတယ် ။ ဒါကတော့အခက်ခဲဆုံး ပါ (ရယ်လျှက် )။  မရင်းနှီးတဲ့ သီချင်းစာသား အလွတ်မရတဲ့သီချင်း စာသားတွေကျက်မှတ်ရတယ် ။ ဒါတွေကတော့ အခက်အခဲနည်းနည်း ရှိပါတယ် ။ ဒီထက်ပိုပြီး အခက်ခဲမရှိပါဘူး။
တနင်္သာရီ။ ဒီအစီအစဉ်မှာဆုရမယ့်အထိမျော်လင့်ထားလား…။ တပတ်တပတ် တက်တက်ကြွကြွ သီဆိုနိုင်အောင် သားဂန်းကို အားဖြစ်စေတာကဘာလဲ..။
သားဂန်း ။    ကျွန်တော်ငယ်ငယ်ကတည်းက ဂီတနဲ့ပတ်သက်ပြီး ဝါသနာ အပါဆုံးပဲ။သူငယ်ချင်းတွေနဲ့လည်း အားလပ်ရက်တွေအချိန်ပေးရင် ပေးသလိုသီချင်းဆိုဖြစ်ပါတယ် ။တစ်ပတ် တစ်ပတ်အားကြိုးမာန်တက်နဲ့ ယှဉ်ပြိုင်နိုင်တာကတော့ သူငယ်ချင်းတွေရဲ့အားပေးမှု၊ ဖေးမမူ၊ ပရိသတ်တွေရဲ့ အားပေးမူတွေကြောင့်ပါ။ အခုပြိုင်ပွဲမှာဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနုပညာလုပ်ငန်းအနေနဲ့ သီချင်းဆိုတာကိုဆက် လက်လုပ်သွားမှာပါ။
တနင်္သာရီ။ အခုဒီမှာဝင်ပြိုင်တော့ ဘယ်ပရိသတ်တွေ အားပေးတာ များလဲ…..။နယ်လား…..။ မြို့လား….။
သားဂန်း။    ပြိုင်ပွဲရလဒ်တွေမှာ ဘယ်ကပရိသတ်အားပေးမူများလဲဆိုတာ ကျွန်တော်တို့မသိရပါဘူး ။ sms (မက်ဆေ့) ပေးပို့သူတွေ ဘယ် နယ်ကဆိုတာမသိရတဲ့အတွက်ကြောင့်ပါ ။ ကျွန်တော့်ကို အားပေးကြည့် ရှုနေ ကြတဲ့ပရိသတ်တွေကို  သားဂန်း ကပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ကြိုးစားနေပါတယ်လို့ပြောချင် ပါတယ်…။