မြိတ်တွင် ပန်းအိုးနှင့် မီးသီးများ မကြာခဏ ဖျက်ဆီးခံနေရ

0
784

မြိတ်မြို့တွင် အများပြည်သူ အပန်းဖြေနိုင်သော နေရာများနှင့် ပြည် သူပိုင် လမ်းမကြီးပေါ်တွင် ရှိသည့် ပန်းအိုးများနှင့် မီးသီးများ မကြာခဏ ဖျက်ဆီးခံနေရကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးရုံးထံမှ သိရ သည်။

myeik-flower
မြိတ်မြို့ လေယာဉ်ကွင်းအနီးရှိ ကျန်းမာရေး လေ့ကျင့်ရေး ပစ္စည်းများ ထားသည့် နေရာနှင့် ကလေး အားကစားကွင်းတွင် စိုက်ထားသည့် ပန်းပင်များ အပါအဝင် အလှပန်း အိုးများ ကို ညဖက်တွင် ဖျက်ဆီးခံနေရပြီး ဖျက်ဆီးသူ မည်သူ မည်ဝါဖြစ်သည်ကို လက်ရှိအချိန်အထိ မသိရသေးဟု မြို့ခံများထံမှ သိရသည်။
အလှပန်းအိုးများကို တွန်းချ ဖျက်ဆီးသည်ကို တစ်လ ၂ ကြိမ် ၃ ကြိမ်ခန့် တွေ့ရပြီး ပန်းခြံအတွင်းရှိ မီးချောင်းများနှင့် လမ်းဆုံလမ်းခွများတွင် တပ်ထားသည့် မီးချောင်းများ အချက် ပြ မီးများကို ကျောက်ခဲများဖြင့် ပစ် ပေါက်သည်ကိုလည်း အမြဲလိုလို တွေ့ ရကြောင်း အမှိုက်ကောက် သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းသို့ မကြာခဏဖြစ်ပွား နေ သော်လည်း လာရောက် ဖျက်ဆီး သူများကို လက်ရှိအချိန်အထိ တိတိပပ အရေးယူ ဆောင်ရွက် နိုင်ခြင်း မရှိသေး ကြောင်း အထက်ပါရုံးမှ သိရသည်။
” တွေ့ရင်တော့ ဌာနအနေနဲ့ ဖမ်း ဆီး အရေးယူသွားမှာပါ။ ဒီဖြစ်ရပ် တွေ့က ကျွန်တော့်အထင် ညဖက်မှာ သွားလာနေတဲ့ လူငယ်တွေလည်း ဖြစ်နိုင်သလို စိတ်မနှံ့တဲ့သူတွေလည်း ဖြစ်နိုင်တယ်” ဟု မြို့နယ် စည်ပင်အင် ဂျင်နီယာမှူး ဦးနေမျိုးက ဆိုသည်။
ယင်းနေရာများတွင် ညဖက် လူ ငယ်များ အရက် လာသောက်ခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲခြင်းနှင့် ကော်ရှု ခြင်းတို့ကို ပြုလုပ်လေ့ရှိ သည့်အတွက် ၎င်းတို့လည်း ဖြစ်နိုင်သည်ဟု ဦးနေ မျိုးက ထင်ကြေးပေးသည်။