လုပ်အားခ ပြဿ နာ ပြေလည်အောင် မဖြေရှင်းပေးပါက သက်ဆိုင်ရာ တိုင်မည်ဟုဆို

0
701

မြိတ်မြို့နယ် မြိတ်တောင် ကျေး ရွာအုပ်စုရှိ အဆောင်ကောင်းနှင့် အက်ဒမန် ငါးအမှုန့်ကြိတ် စက်ရုံကုမ္ပဏီတို့တွင် လုပ်ကိုင်နေကြသည့် နေ့စား အလုပ်သမား တချို့ထံမှ ကုမ္ပဏီက လုပ်အားခများ ဖြတ်တောက် ထားသည့်ကိစ္စကို ပြေလည်အောင် မဖြေရှင်းပေးပါက သက်ဆိုင်ရာသို့ တိုင်ကြားမည်ဟု ကာယကံရှင် အလုပ် သမားများထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီများတွင် နေ့စား အလုပ်သမား စုစုပေါင်း အလုပ်သမား ၄၀ ကျော်ခန့်ရှိကြကာ တစ်နေ့လုပ်ခ ငွေ ကျပ် ၃ ထောင်မှ ၄ ထောင် ရသည်ဟု အလုပ်သမားများထံမှ သိရ သည်။
” ရတာက ကျပ် ၃၅၀၀ တည်း ပါ၊ အလုပ်ခွင်ထဲလာဖို့ တစ်ရက်ကို ဆိုင်ကယ် ဆီစရိတ်နှင့် ထမင်းဖိုးက ၁၃၀၀ ကျပ် ကုန်ပါတယ်၊ အခု ၅၀၀ ကျပ် ထပ်နှုတ်လိုက်တယ်ဆိုတော့ ကျန် တဲ့ငွေနဲ့ မိသားစု စားဝတ်နေရေးအတွက် ရပ်တည်ဖို့ မလွယ်ဘူး” ဟု အသက်(၃၀) ကျော်ရှိ နေ့စား အလုပ်သမားတစ်ဦးက ပြောသည်။
နေ့စား အလုပ်သမားများကို ပြီးခဲ့သည့် မေလမှစပြီး တနေ့ကို ၅၀၀ ကျပ် နှုန်း ဖြတ်တောက်ထားသည့်အတွက် အလုပ်သမား တစ်ဦးလျှင် တစ်လ ငွေ ၁၅၀၀၀ ကျပ်ခန့် နစ်နာသွားခဲ့ရသည်ဟု အလုပ်သမားတချို့၏ ပြောပြချက်အရ သိရသည်။
ယင်းကိစ္စအတွက် အလုပ်သမား များ မကျေနပ်သဖြင့် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများကို ပြောသဖြင့် နစ်နာနေသည့် ကျပ် ၁၅၀၀၀ ကို ပြေလည်အောင် ဖြေရှင်းပေးမည်ဟု ပြောဆိုထားကြောင်း အလုပ်သမားတချို့ ထံမှ သိရသည်။
ယင်းသို့ ဖြေရှင်းပေးမည်ဟု ပြော ဆိုထားသော်လည်း မည်သည့် အချိန် တွင် ဖြေရှင်းပေးမည် မည်သို့ ဖြေရှင်း ပေးမည်ကို တိတိကျကျ မပြောထား သေးဟု အလုပ်သမား တချို့က ရှင်းပြ သည်။
အဆိုပါကိစ္စအတွက် အဆောင်ကောင်း ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ ကုန် အဝင်များသည့် လများဖြစ်သည့် နိုဝင် ဘာလမှ ဧပြီလအထိ အလုပ်သမား များအတွက် ကျပ် ၅၀၀ စီ တိုးပေးထားပြီး ကုန်အဝင်ပါးသည့် မေလမှ အောက်တိုဘာလ အထိတွင် မတိုးပေးတော့ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိ မန်နေဂျာတစ်ဦး က ပြောသည်။
သို့သော် ပြီးခဲ့သည့် မေလက အကုန်အဝင်များသည်ဟု အလုပ်သမား များက ပြောသည်။
” အလုပ်သမားတွေ နစ်နာနေ တဲ့ကိစ္စကို ပြေလည်အောင် ဖြေရှင်း ပေးသွားပါမယ်”ဟု အထက်ပါ မန်နေ ဂျာက ဆိုသည်။
အလုပ်သမားများဘက်မှ အထက် ပါ ကျပ် ၅၀၀ ကိစ္စအပြင် နောက်လ များတွင် အလုပ်လုပ်ရက်များမှ ရက် ပေါင်း ၂၀ အတွက် လုပ်အားခကို အပြည့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
လာမည့် တနင်္လာနေ့တွင် ဖြေရှင်း ပေးမည်ဟု မျှော်လင့်ပြီး မဖြေရှင်း ပေးပါက သက်ဆိုင်ရာတိုင်မည်ဟု အလုပ်သမားတို့က ပြောသည်။