ကော့သောင်းတွင် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်

0
537

ကော့သောင်းမြို့နယ် ၊ ပိတောက် ရွှေဝါရပ်ကွက်၊ ၅၅၅ တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ဇွန်လ ၃ ရက်နေ့က မီးလောင်ကျွမ်းခဲ့ကြောင်း ဘုန်းကြီးကျောင်းအနီး နေထိုင်သူများထံ မှ သိရသည်။

သတိပဌာန်း ဘုန်းကြီးကျောင်း အမည်ရှိ ယင်းကျောင်းတွင် ရဟန်း တစ်ပါးတည်းသာ သတင်းသုံးနေသည့် ကျောင်းဖြစ်ပြီး လွန်ခဲ့သည့် ၄ ရက်ခန့် ကတည်းက အဆိုပါရဟန်းသည် ထိုင်း နိုင်ငံ ရနောင်းသို့ ဆွမ်းခံကြွသွားနေ သည့်အတွက် မီးလောင်ချိန်တွင် မည် သူမျှမရှိဟု ၎င်းတို့က ပြောသည်။
မီးစလောင်ပြီး ၁၅ မိနစ်ခန့် အကြာတွင် တစ်ကျောင်းလုံး ပြာကျ သွားကြောင်း သိရသည်။
” ကျာင်းစောင့်လည်း ချန်မ ထားခဲ့ဘူး။ အဖွားက နေ့တိုင်းခွေးတွေ အစာကျွေးဖို့ တက်လာနေကျ။ ဒီနေ့ နေမကောင်းဖြစ်နေလို့ မတက်လာဖြစ် တော့ဘူး” ဟု အထက်ပါ ရဟန်း၏ မယ်တော် ဒေါ်မြတ်သူက ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မည်သည့်နေရာမှ စတင် လောင်ကျွမ်းသည်ကို လက်ရှိအချိန်အထိ မသိရသေးဘဲ စုံစမ်းစစ်ဆေးဆဲဖြစ် ကြောင်း ကော့သောင်းမြို့နယ် မီးသတ် ဦးစီးဌာန ဦးစီးမှူးက ပြောသည်။
မီးလောင်ကျွမ်းမှုကို မီးသတ်ကား ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၈ ဦးနှင့် ရပ်ကွက်သူရပ်ကွက်သားများ ပူးပေါင်း ငြိမ်းသတ်ရာ မီးလောင်ကျွမ်းပြီး မိနစ် ၂၀ ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သည် ဟု အထက်ပါ ဌာနမှ သိရသည်။