ကျေးရွာအုပ်စု ၂၀ကို မြိတ် NLD မဲစာရင်း ပညာပေးမည်

0
525

မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်မှ မြိတ်မြို့အတွင်းရှိ ကျေးရွာ အုပ်စု ၂၀ တွင် မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး အသိပညာပေးမည်ဖြစ် ကြောင်း မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။


ကျေးရွာအုပ်စု ၄ အုပ်စုကို အဖွဲ့ဝင် ၅ ဦးပါ တစ်ဖွဲ့တစ်ဖွဲ့နှုန်းဖြင့် အဖွဲ့ ၅ဖွဲ့မှ တာဝန်ယူကာ မေလ လယ်ခန့်က အသိပညာပေး လုပ်ငန်း များကို စတင်လုပ်ဆောင်ခဲ့ပြီး  ဇွန်လ ၄ ရက် နေ့အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
” မဲဆန္ဒရှင် စာရင်း လာကပ်တဲ့အခါ ကိုယ့်နာမည် ပါမပါ စိစစ်ဖို့နဲ့ မပါရင် ဘယ်လို လုပ်ရမယ်ဆိုတာ သိဖို့အတွက် အသိပညာ ပေးတာတွေ လုပ်တာပါ ” ဟု ဦးဖြိုးဝင်းထွန်းက ပြောသည်။
မဲစာရင်းအတွက် ပညာပေးဆောင် ရွက်ခြင်းလုပ်ငန်းများအပြင် ရွေး   ကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများနှင့် စည်းရုံးရေး လုပ်ငန်းများကို တစ်ခါ တည်း ပြုလုပ်သွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
ယင်းလုပ်ငန်းများတွင် မြိတ်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ကူညီ ဝန်းရံသွားမည်ဖြစ်ကြောင်း မြိတ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရွေးကောက်ပွဲ အသိပညာပေးခြင်း အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ ထုတ်ဝေထားသည့် မဲစာရင်းတွင် နာ မည်မပါလျှင် မဲပေးခွင့်မရ စာသားပါ ခေါင်းစဉ်ဖြင့်မဲစာရင်းနှင့် သက်ဆိုင် သည့် အချက်အလက်ပါ လက်ကမ်း စာစောင်တို့ကိုလည်း ဖြန့်ဝေပေးသွား မည် ဖြစ်ကြောင်း သိရသည်။
” မဲစာရင်းနှင့်ပတ်သက်ပြီး ဘာမှ မသိပါဘူး။ ရွာထဲမှာလည်း ပြောဆိုသံ ဘာမှမကြားရသေးဘူး”ဟု မြိတ်မြို့ နယ် ကဟန်းကျေးရွာနေ ဒေါ်အေးမီက ပြောသည်။
လက်ရှိတွင်  မဲစာရင်းတွင် မိမိ အမည်ပါမပါ စိစစ်ရမည်ကို သိသူနည်း ပါးသေးကြောင်း မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ ဒေသခံများက ပြော သည်။ ကျွန်းစုမြို့နယ်တွင် မဲစာရင်း ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပြီး ဖြစ်ကြောင်း ယင်းမြို့နယ် NLD ထံ မှ သိရသည်။