သတ်မှတ် အင်္ဂါရပ်နှင့် မညီသည့် ဆိုင်ကယ်များကို အရေးယူမည်

0
555
ဓါတ်ပုံ - အောင်သူ

ဆိုင်ကယ်တစ်စီး၏ သတ်မှတ် ထားသည့် အင်္ဂါရပ်ဆိုသည်မှာ  အရှေ့၊ အနောက် နံပါတ်ပြား တပ်ဆင်ခြင်း၊ နောက်ကြည့်မှန်နှင့် ဒူးကာ တပ်ဆင် ခြင်း၊ အရှေ့မီး၊ အချက်ပြမီး၊ ဘရိတ်မီး အသုံးပြုနိုင်ခြင်းတို့ကို ဆိုလိုခြင်း ဖြစ် ကြောင်း အထက်ပါယာဉ်ထိန်း ရုံး ထံမှသိရသည်။


ပစ္စည်းများ အပြည့်အစုံ တပ်မ ထားဘဲ ဆိုင်ကယ်မောင်းသဖြင့် ယာဉ် တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ ဖြစ် ပွားလေ့ရှိပြီး မျှော်မှန်းထားသကဲ့သို့  ယာဉ်တိုက်မှု၊ ယာဉ်တိမ်း မှောက်မှုများ လျော့ကျမလာ၍ ယင်းသို့ စစ်ဆေးကာ ဖမ်းဆီး အရေးယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ရဲမှူးက ရှင်းပြသည်။

ဓါတ်ပုံ - အောင်သူ
ဓါတ်ပုံ – အောင်သူ

” စစ်ဆေးမယ့်နေ့ကို ၂၄ ရုပ်သံ လိုင်းမှတဆင့် ပြည်သူများကို အသိ ပေးပြီးမှ လုပ်ဆောင်မယ် ” ဟု  ရဲမှူးစိုး ဝင်းက ဆိုသည်။
ယာဉ်တိုက်မှုဖြစ်ပွားစဉ် နံပါတ် ပြား မတပ်ထားလျှင် စုံစမ်း ဖော်ထုတ် သည့်နေရာ၌ အခက်အခဲရှိသည်ဟု ဆိုသည်။
လမ်းကွေ့များတွင် နောက်ကြည့် မှန် မတပ်ထား၍ နောက်ကို မမြင်ရဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခြင်း၊ အချက်ပြမီး မသုံးဘဲ ရုတ်တရက် ကွေ့ခြင်း စသည် တို့ကြောင့် နေ့စဉ် ယာဉ်တိုက်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု အထက်ပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရ သည်။
မော်တော်ဆိုင်ကယ်များတွင် တပ်ဆင်မည့် နံပါတ်ပြား တပ်ဆင် ရာ၌လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ သတ်မှတ်ထားသည့် နံပါတ်ပြားများကို တပ်ဆင်ရမည်ဖြစ်ပြီး၊ လျှောက်ထားဆဲ မော်တော်ဆိုင်ကယ်များမှာ ကညနမှ ထုတ်ပေးသည့် နံပါတ်ပြားပုံစံ၊ အရွယ် အစားအတိုင်း တပ်ဆင်ရမည်ဟု သိရ သည်။
” အခုလို အားလုံး တပ်ရမယ် ဆိုတာက တင်းကြပ် လွန်းတယ်။ ဖမ်းမိလို့ တစ်ခုနှစ်ခုလောက် မပြည့်စုံ ဘူးဆိုရင်တော့ လျော့ပေါ့ ပေးသင့် တယ်။ အခုလို ဖမ်းရင် ဆိုင်ကယ် တစ်စီးမှ လွတ်မှာ မဟုတ်ဘူး” ဟု မြောင်းပုလဲရပ်ကွက်နေ အသက် ၂၅နှစ် အရွယ် လူငယ်တစ်ဦးက ဆိုသည်။
ယခင်က မော်တော်ယာဉ် ဥပဒေ ပါ စည်းကမ်းအတိုင်း မော်တော် ဆိုင် ကယ်များကို ပြည့်စုံစစ်ဆေး အရေး ယူခြင်းမရှိဘဲ ယခုအခါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရန် ပညာပေး ခြင်းကို ၅၀ ရာခိုင်နှုန်းအထိ ဆောင် ရွက်ပြီး ဖြစ်သည့်အတွက် ပြည်သူများ သဘောပေါက်မည်ဟု သုံးသပ်ပြီးမှ ဥပဒေပါအတိုင်း စစ်ဆေးရန် လုပ် ဆောင်ရခြင်းဖြစ်ကြောင်း ရဲမှူးစိုးဝင်းက ရှင်းပြသည်။
တိုင်းအတွင်း ပြီးခဲ့သည့် ၅ လအတွင်း ယာဉ်တိုက်မှု ၁၃၉ မှု ဖြစ်ခဲ့ပြီး ၇၂ ဦး သေဆုံးကာ ဒဏ်ရာရသူ ၃၇၁ ဦး ရှိခဲ့ကြောင်း အမှတ် ၈ ယာဉ်ထိန်း ဒုတိယရဲတပ်ဖွဲ့ခွဲရုံးထံမှ သိရသည်။