ကုစားစာမေးပွဲဖြေဆိုသူ သုံးပုံနှစ် ပုံကျော် အောင်မြင်

0
680

တနင်္သာရီတိုင်း ဒေသကြီးအတွင်း အဋ္ဌမတန်းနှင့် စတုတ္ထတန်းပြန်လည်ကု စားစာမေးပွဲများတွင် ဖြေဆိုသူဦး ရေ၏ သုံးပုံနှစ်ပုံကျော် အောင်မြင်ခဲ့ ကြောင်း တိုင်းဒေသကြီးပညာရေးညွှန် ကြားရေးမှူး ရုံးထံမှ သိရသည်။


တိုင်းစစ် စာမေးပွဲအဖြစ် ပထမ ဆုံးအကြိမ် ပြောင်းလဲကျင်းပခဲ့သည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပြန် လည်ကုစားဖြေဆိုရမည့် အဋ္ဌမတန်း ကျောင်းသားဦးရေ ၂၃၂၈ ဦးတွင် ၁၆၆၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၂၇၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ပြန်လည် ကုစားဖြေဆိုရမည့် စတုတ္ထတန်း ကျောင်းသားဦးရေ ၆၇၁၁ ဦးတွင် ၅၁၈၃ ဦး ဖြေဆိုခဲ့ရာ ၃၇၈၈ ဦး အောင်မြင်ခဲ့ကြောင်း အထက်ပါရုံး ထံမှ သိရသည်။
” ဒီကုစား စာမေးပွဲမှာ ရှုံးတဲ့သူ တွေလည်း ရှိပါတယ်။ ရှုံးတဲ့သူတွေက တော့ နောက်တစ်နှစ်ပြန်တက်ရမှာပါ” ဟု တိုင်းဒေသကြီး ပညာရေးညွှန်ကြား ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းရီက ပြောသည်။
ပြန်လည်စစ်ဆေးခဲ့သည့် ကုစား စာမေးပွဲအောင်စာရင်းကို မေလ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အတန်းဖြေဆိုသူအောင်မြင်သူကုစားအောင်မြင်သူစုစုပေါင်းရာနှုန်း

၂၀၁၄ – ၂၀၁၅ ပညာသင်နှစ် အောင်ချက်
အတန်းဖြေဆိုသူအောင်မြင်သူကုစားအောင်မြင်သူစုစုပေါင်းရာနှုန်း
အဋ္ဌမတန်း၁၅၉၈၂ ဦး၁၃၂၆၆ ဦး၁၂၇၀ ဦး၁၄၅၃၆ ဦး၉၃.၂၂
စတုတ္ထတန်း၃၂၀၈၁ ဦး၂၄၇၂၁ ဦး၃၇၈၈ ဦး၂၈၅၀၉ ဦး၉၀.၆၆