မြိတ် အ.ထ.က ၂ တွင် ကျောင်းပြောင်း လက်မခံသေး၍ ကျောင်းသား မိဘများ နေ့စဉ် သွားစောင့်နေရ

0
488

ကျောင်းအပ် စတင်လက်ခံသည့် မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြိတ် အ.ထ.က ၂ တွင် ကျောင်းပြောင်း တက်ရမည့် ကျောင်းသူ^သား အသစ် များအား အပ်နှံရန် လက်မခံသေးသည့် အတွက် နေ့စဉ် ကျောင်းအပ်နှံရန် သွားစောင့်နေရသည်ဟု ကျောင်းသား မိဘများထံမှ သိရသည်။


မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာ အ.လ.က (ခွဲ) ကျောင်း နှင့် အလယ်ကျွန်းနယ်မြေ၊ ကြောင်ငယ် အ.လ.က (ခွဲ) တို့တွင်  ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် အောင်မြင် ခဲ့သည့်  အဋ္ဌမတန်းကျောင်းသူ/ သား ၁၀၀ ကျော်သည်  တွဲဖက် ကျောင်း ဖြစ်သည့် အ. ထ. က ၂ တွင်  န၀မတန်း တက်ရောက်ရန် ကျောင်းသား မိဘများက သွားရောက် အပ်နှံသော်လည်း လက်မခံသေးဟု ကျောင်းသား မိဘအချို့ က ပြောသည်။
” ဘာပြဿ       နာတွေ ဖြစ်နေလဲတော့ မသိဘူး၊ ကျောင်းလာအပ်တာ ၃ ရက်ရှိပြီး လက်ခံတယ်၊ လက်မခံဘူး ဆိုတာ ရေရေရာရာ ဘာမှလည်း မပြော ဘူး” ဟု အဋ္ဌမတန်းအောင် ကျောင်းသူ ၏ ဖခင်တစ်ဦးဖြစ်သူ အိုးလုပ်ပြင်ရပ် ကွက်နေ ဦးအောင်ကိုနိုင်က ပြောသည်။
အလုပ်ရှိနေသည့်ကြားက တစ် ရက်ပြီး တစ်ရက် လာနေရသည်မှာ အဆင်မပြေသဖြင့် ကျောင်းအပ်နှံရေး ကိစ္စကို ပြတ်ပြတ်သားသား လုပ်ပေး စေလိုကြောင်း ဦးအောင်ကိုနိုင်က ပြော သည်။  အခြား ကျောင်းတွင် သွားအပ်ရန် မှာလည်း ကျောင်းထွက် လက်မှတ် မထုတ်ပေးသေးသည့်အတွက် မည်သို့ ဆက်လုပ်ရမှန်း မသိဖြစ်နေသည်ဟု မြိတ်တောင်ကျေးရွာမှ အဋ္ဌမတန်းအောင် ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်မာချိုက ဖွင့်ဟသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းအုပ် ဆရာမကြီး၏ ရုံးခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း    ပြန်လည်ဖြေဆိုမည့်သူ မရှိပေ။ အ.ထ.က ၂ တွင် ကျောင်းဆောင် အသစ်များ ဆောက်မပြီးသေးသည့်အပြင် ကျောင်းဆောင် ၂ ခုမှာလည်း ဟောင်း နေသည့်အတွက် ကျောင်းသားဦးရေ အကန့်အသတ်ဖြင့် လက်ခံဖွယ်ရှိကြောင်း ကျောင်းအကျိုးတော်ဆောင် တစ်ဦးက ပြောသည်။
ယင်းကျောင်းနေ အမည်မဖော်လိုသူ ဆရာမတစ်ဦးက ကျောင်းသူ ကျောင်းသား ၁၁၄ ဦး အနက် အများစုကို အ.ထ.က ၂ တွင် လက်ခံမည်မဟုတ်ဘဲ အခြား ကျောင်းများ တွင် ခွဲတမ်းဖြင့် အပ်နှံနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ပြောသည်။ သို့သော် မြိတ်မြို့နယ်         ပညာရေး မှူး ဦးဌေးလွင်ကမူ ကျောင်းပြောင်း ကျောင်းသူ ကျောင်းသား အားလုံး တက် နိုင်အောင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းကိစ္စကို အစည်းအဝေးပြု လုပ်ကာ သက်ဆိုင်ရာကျောင်းမှ ဆရာ၊ ဆရာမ များကို ညွှန်ကြားထားပြီဖြစ်ကြောင်း ပြောသည်။