ကော့သောင်း သုသာန်မြေဧရိယာအတွင်း ကျူးကျော်နေသူများရှိက ဖယ်ရှားခိုင်းမည်ဟု ဆို

0
552

ကော့သောင်းမြို့နယ် ရွှေပြည်သာ ရပ်ကွက်ရှိ သုသာန်မြေ ဧရိယာအတွင်း ကျူးကျော်နေထိုင်သူများရှိက ဖယ်ရှား ခိုင်းမည်ဖြစ်ကြောင်း ကော့သောင်းမြို့ နယ် နာရေးကူညီမှုအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။


kaungthaung-fuelရွှေပြည်သာ သုသာန်မြေ ဧရိယာ ကို ခြံစည်းရိုးခတ်မည်ဖြစ်ရာ မြေတိုင်း တာသည့်အချိန်တွင် ယင်းမြေအတွင်း ကျူးကျော် နေထိုင်သည့် အိမ်များရှိပါက ဖယ်ရှားခိုင်းမည်ဖြစ်ကြောင်း ကော့ သောင်းမြို့နယ် နာရေးကူညီမှု အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
” တခြား ဘာသာတွေရဲ့ သုသာန် မြေတွေလည်း ခြံစည်းရိုး ခတ်ထားတော့ ဗုဒ္ဓဘာသာ သုသာန် မြေဧရိယာ အဝန်းအဝိုင်းကိုလည်း သီးသန့်ဖြစ်ဖို့ ခြံစည်းရိုးခတ်မှာ ဖြစ်တယ်” ဟု အထက်ပါ အသင်း ဥက္ကဋ္ဌက ဆိုသည်။
ယခင်က သုသာန်အနီး နေထိုင်သူ နည်းသော်လည်း ယခုနောက်ပိုင်း သုသာန်အနီးနေထိုင်သူ တဖြည်းဖြည်း များလာပြီး ဘုန်းတော်ကြီး ကျောင်းများ လည်း ရှိလာကြောင်း သုသာန်အနီး နေထိုင်သူများက ဆိုသည်။
မြေယာ ကျူးကျော်ထားခြင်း ဟုတ်မဟုတ်ကို တိုင်းတာမှသာ သိရ မည်ဖြစ်ပြီး လက်ရှိတွင် တိတိကျကျ မသိသေးဟု ယင်းအသင်းက ပြော သည်။
ကော့သောင်းတွင် ဗုဒ္ဓဘာသာ သုသာန်အပါအဝင် သုသာန် ၇ ခုရှိပြီး တခြားဘာသာ သုသာန်များမှ ခြံစည်း ရိုးခတ်ထားပြီး ဗုဒ္ဓဘာသာ သုသာန်မှာ ယခုမှ ခြံခတ်မည်ဖြစ်သည်။