ရတ်ချဘူရီ ခရိုင် ထုတ်ကုန်များ မြိတ်တွင် ပြသ

0
591

ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင် အတွင်းမှ ထုတ်လုပ်သည့် ပစ္စည်း အမျိုးပေါင်း ၃၀ ကျော်ကို မြိတ် ကုန်တိုက်တွင် မေလ ၂၆ မှ ၂၈ ရက်ထိ ပြသရောင်းချခဲ့ကြောင်း ထိုင်း ကုမ္ပဏီများ အဖွဲ့နှင့်အတူ လိုက်ပါ လာသည့် ဘာသာပြန်တစ်ဦး ထံမှ သိရသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအနေဖြင့် လူသုံးကုန်၊ အိမ်သုံးကုန်၊ စားသုံး ကုန်များနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းကို ပြသရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က မြိတ်ခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်တို့ မောင်နှမမြို့တော် တည်ထောင် ခြင်း အထိမ်းအမှတ်အဖြစ် ပရာကျွတ်ခီရီခန် ခရိုင်အတွင်းရှိ ကုမ္ပဏီ ၄၀ ခန့်မှ ကုန်ပစ္စည်းများကို မြိတ်ကုန်တိုက် တွင် လာရောက် ရောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် ကုန်စည်ပြပွဲတုန်းက အထူးအောင်မြင်ခဲ့ပြီး လုပ်ငန်းများကို ထိရောက်စွာ ပံ့ပိုးပေး နိုင်သည့် အတွက်ကြောင့် ဒုတိအကြိမ် အဖြစ် လာရောက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပရာကျွတ် ခရိုင်ဝန်၏ ပြောပြချက်အရ သိရသည်။