ကမ်းဇော်ဆီ ဈေးကျ

0
714

ကမ်းဇော်စေ့များ လှိုင်လှိုင်ပေါကာ ထွက်နှုန်းများလာသည့်အတွက် ကမ်းဇော်ဆီဈေး ကျဆင်းလာကြောင်း ယင်းဆီ အရောင်းအဝယ် လုပ်သူများ ထံမှ သိရသည်။ ပြီးခဲ့သည့် နှစ်များက ကမ်းဇော်စေ့ ၁ ပြည်ကို ကျပ် ၆ သောင်းမှ ၈ သောင်းအထိ ဈေးကြီးပေး ဝယ်ရကာ ဆီတစ်ပုလင်းကို ကျပ် ၁၆၀၀၀၀ မှ ၁၈၀၀၀၀ အထိ ပေါက်ဈေး ရှိခဲ့သည်ဟု မြစ်ငယ်ရပ်ကွက်ရှိ ကမ်းဇော်စေ့ အဝယ်ဒိုင်မှ သိရသည်။

ကမ်းဇော်စေ့များသည် သုံးနှစ် တစ်ကြိမ် ထွက်နှုန်းများတတ်ပြီး ယင်း သို့ အထွက်များချိန်တွင် ကမ်းဇော် ဆီဈေးလည်း အလိုလို ထိုးကျသွား တတ်ကြာင်း ကမ်းဇော်ဆီနှင့် အစေ့တွေ ကို အရောင်းအဝယ်ပြုလုပ်နေသူ ဒေါ်ဝါဝါက ရှင်းပြသည်။
” အခုနှစ်က အစေ့ထွက်တာ များတော့ ၁ ပြည်ကို ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိပဲ ရှိပါတယ်၊ ဆီပုလင်းကလည်း ၁ သိန်းနှင့် ၁ သိန်းတစ်သောင်းဝန်းကျင်လောက်ပဲ ကျန်တော့တယ် ” ဟု ၎င်းက ထပ်လောင်း ရှင်းပြသည်။ ကမ်းဇော်စေ့သည် မြိတ်ခရိုင် အတွင်းရှိ ဘုတ်ပြင်း၊ ကော့ရဲကျွန်း၊ ကံမော်ကျေးရွာ၊ မော်ခေါင်း တုံးကျေးရွာနှင့် တနင်္သာရီမြို့နယ် များရှိ ကျေးရွာတွင် ပေါက်ရောက် လျက်ရှိပြီး၊ အဆိုပါ ကမ်းဇော်ပင်သည် သုံးနှစ်တစ်ကြိမ် အသီးသီးကြောင်း ဒေသခံများထံမှ သိရသည်။